Статистика ВК сообщества "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး"

16+
Official

Графики роста подписчиков

Лучшие посты

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် အဖျက်အမှောင့် လုပ်ငန်းများဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၈

၁။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။

၂။ ထိုသို့ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက် ညနေပိုင်းတွင် သတင်းအရ ကျော်ဇေယျာသိန်း(၃၈)နှစ် အား ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းရှိ Grand Hanthar ဆေးရုံ၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ထွန်းထွန်းလှိုင်(၄၄)နှစ်၊ ခိုင်လင်းသူ (ခ)ကိုခိုင်(၃၈)နှစ်၊ ဝေယံမောင်မောင်(၂၅)နှစ်နှင့် စည်သူထွန်း(၂၀)နှစ်တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

၃။ ဖမ်းဆီးရမိသည့် ဝေယံမောင်မောင် ၏ ထွက်ဆိုချက်အရ မေလ ၂၂ ရက် နံနက်ပိုင်းတွင် ကိုဖြိုး(ခ)ဝေဖြိုးမောင်(၂၉)နှစ်အား ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်ရှိ ၎င်း၏ ဆံသဆိုင်၌ Key Pad ဖုန်းနှင့် တွဲလျက်ပြုလုပ်ထားသော လက်လုပ်ဗုံး ၂ လုံးနှင့်အတူ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

၄။ ဆက်လက်၍ သတင်းအရ မေလ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုနန္ဒာ(၄)လမ်း၊ အမှတ်(၆၅)နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင်ထွန်း(၁၉)နှစ်၊ ကျော်နိုင်(၂၉)နှစ်၊ ဝိုင်းချစ် (၁၉)နှစ်၊ အောင်ပြည့်ဟိန်း(၂၁)နှစ်၊ တိုးတိုးနိုင်(၃၃)နှစ်နှင့် မြတ်လင်းအောင်(၃၉)နှစ် တို့အား ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ ပွိုင့်-၃၈ သေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ လက်လုပ်လေသေနတ် ၂၃ လက်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၆၉၂ လုံး၊ PVC ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၃၇၄ လုံး၊ အသံဗုံး ၁၇ လုံး၊ Key Pad ဖုန်းဖြင့် တွဲလျက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၃ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ မီးပုလင်း ၅၈ လုံးနှင့် ဖောက်ခွဲရေးပစ္စည်း များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

၅။ ဆက်လက်၍ သတင်းအရ မေလ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၁၆/A ရပ်ကွက်၊ ကုန်းဘောင်အိမ်ရာ၊ ကုန်းဘောင်လမ်းသွယ်(၁)၊ အမှတ်(၁၄၀)ရှိ LONE WAY Co.Ltd ရုံးသို့ ဝင်ရောက် ရှာဖွေခဲ့ရာ မြတ်ဘိုဘိုဝင်း(၂၇)နှစ်၊ သန့်ဇင်ဦး(၃၀)နှစ်၊ စိုးသီဟ(၂၉)နှစ်၊ နေကော်ထူး (၃၀)နှစ်၊ ညီရဲနိုင်(၁၇)နှစ်၊ ဝသုန်(၂၇)နှစ်၊ ဝေယံထွန်း(၁၉)နှစ်နှင့် နာခူးဖောဝါ(၂၀)နှစ် တို့အား ဖမ်းဆီးရမိခဲ့ပြီး PVC ပလတ်စတစ် ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၄၆ လုံး၊ PVC ပလတ်စတစ် ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ချိန်ကိုက်မိုင်း ၉၄၄ လုံး၊ Key Pad ဖုန်းဖြင့်တွဲလျက် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃၁ လုံး၊ RGA တံဆိပ်ပါ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်သေနတ် အရှည် ၁ လက်၊ ဖောက်ခွဲရေး ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

၆။ ကျော်ဇေယျာသိန်း ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံဖြစ်သော စိုးကေ (ခ)စုကေသွယ်မောင် အား မေလ ၂၄ ရက် ညနေပိုင်းတွင် သင်္ဃန်းကျွန်း မြို့နယ်၊ သုမင်္ဂလာအိမ်ရာရှိ Grill & Chill စားသောက်ဆိုင်၌ ပိုတက်စီယမ်နိုက်ထရိုက် ၁ အိတ်၊ ယမ်းမျိုးစုံ ၁ အိတ်၊ မီးခုံးဗုံး ၃ လုံး၊ လက်လုပ်သေနတ်ပြောင်း ၆ ခု၊ အပစ်လက်ကိုင် ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပါသည်။

၇။ တရားခံ စုကေသွယ်မောင် ၏ ထွက်ဆိုချက်အရ မေလ ၂၆ ရက် နံနက် ပိုင်းတွင် ဗဟန်းမြို့နယ်၊ ရွှေနံသာရပ်ကွက်၊ အာဇာနည်လမ်း၊ အမှတ်(၆၀/က) နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ကွင်းဆက်တရားခံဖြစ်သော နေမင်းအောင်(ခ) မင်းသားကြီး(၅၀)နှစ်နှင့် ရဲထွန်း(၅၁)နှစ်တို့အား ပွိုင့်-၃၂ ပစ္စတို ၂ လက်၊ အသံတိတ် ပြောင်း ၁ ခု၊ ၎င်းကျည် ၁၉ တောင့်၊ ကျည်အိမ် ၃ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၈။ အထက်ပါဖြစ်စဉ်၌ တရားခံ ၂၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ ပစ္စတိုသေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၂၅ တောင့်၊ လက်လုပ်သေနတ် မျိုးစုံ ၂၄ လက်၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်း မျိုးစုံ ၂၀၈၀ လုံး၊ အသံဗုံး ၂၀ လုံး၊ ချိန်ကိုက်ဗုံး ၄၄ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ မီးပုလင်း ၅၈ လုံး အပါအဝင် ဖောက်ခွဲရေး ပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်း မြောက်များစွာ သိမ်းဆည်းရမိခဲ့သည်။

၉။ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်အန္တရာယ်ပြုသည့် အကြမ်းဖက်တရားခံများအား ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

13 12 ER 0.3679
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေတွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ သူများနှင့် ဆက်စပ် သတင်းဖော်ထုတ်ချက်များအရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းနေသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ မေ -၂၈

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိ ရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးသင်တန်းပေးရန်၊ လက်နက်၊ ခဲယမ်းများ သယ်ဆောင်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေသို့ သင်တန်းသားများစေလွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၃ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်း၊ (၉)မိုင်၊ သီရိကွန်ဒို၊ အခန်းအမှတ်(B-508) အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေ တွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ထားသူ ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်၊ ၄၃ နှစ်၊ (ဘ) ဦးလှရွှေအား နိုင်ငံကူးလက်မှတ်စာအုပ်များ၊ ကွန်ပြူတာ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်၏ ထွက်ဆိုချက်အရ ရွှန်းစိမ့်စိမ့်၊ ၃၀ နှစ်၊ (ဘ)ဦးစောဝင်းအား လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်း၊ Royal Thukha ကွန်ဒို၊ အခန်းအမှတ်(၉၁၁)၌ မေ ၁၃ ရက် ညပိုင်းတွင် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း နယ်မြေတွင်ဖောက်ခွဲရေးသင်တန်းကို ကိုယ်တိုင်တက်ရောက်ခဲ့သူများ ဖြစ်သကဲ့သို့ အခြားသူများကိုလည်း သင်တန်းတက်ရောက်ရန် စေလွှတ်ခြင်းနှင့် တောင်ဒဂုံ မြို့နယ်၊ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းနိုင်၏ စေခိုင်းချက်အရ လက်နက်/ ခဲယမ်း ဝယ်ယူလိုသည့် ဦးသိန်းနိုင်၏ လူယုံဖြစ်သူ နေမျိုး(ခ) ချာလီအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေမှ လက်နက်၊ ခဲယမ်းများသယ်ယူနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ဆေးမေးမြန်းချက်များအရ သိရှိရသည်။

ငြိမ်းချမ်း(ခ) ခိုင်ကိုမွန်ထွက်ဆိုချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေတွင် သင်တန်းတက်ရောက်ခဲ့သူ အောင်သက်ပိုင်၊ ၂၈ နှစ်၊ (ဘ)ဦးမြင့်စိုး၊ သက်ဦး၊ ၃၇ နှစ်၊ (ဘ) ဦးကြည်ဌေးတို့ ၂ ဦးအား မေလ ၁၄ ရက်တွင် ရွှေပြည်သာ မြို့နယ်၌ လည်းကောင်း၊ ကျော်သူလေး၊ ၃၆ နှစ်၊ (ဘ) ဦးကံကောင်းအား ‌မေလ ၁၅ ရက်တွင် ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ ရဲထက်ထွန်း၊ ၃၀ နှစ်၊ (ဘ) ဦးတင်ကြိုင် အား မေလ ၁၆ ရက်တွင် ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ ရန်ကုန်မြို့အတွင်း လက်နက်/ ခဲယမ်းများသယ်ဆောင်ရန် စီစဉ်ခဲ့သူ နေမျိုး(ခ)ချာလီ၊ ၅၅ နှစ်၊ (ဘ) ဦးကြည်အား မေလ ၁၇ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ မေလ ၁၅ ရက် ညပိုင်းတွင် တာမွေမြို့နယ်၊ (က+ဂ)ရပ်ကွက်၊ အမှတ်(၁၆၃)လမ်း၊ တိုက်(၁၈)၊ အပေါ်ဆုံးလွှာရှိ ပပ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ပပအား ဖမ်းဆီးရမိခြင်းမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့သူများဖြစ်သည့် သိန်းစင်၊ ၂၁ နှစ်၊ (ဘ)ဦးအောင်ကျော်ဦး၊ စုမြတ်နိုး၊ ၂၄ နှစ်၊ (ဘ) ဦးဝင်းမြင့်၊ ခင်ပြုံးကျော်၊ ၂၃ နှစ်၊ (ဘ) ဦးမြင့်ကျော်နှင့် ခိုင်ခင်မိုး၊ ၂၆ နှစ်၊ (ဘ)ဦးဘိုမောင်တို့ ၄ ဦးအား အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိတရားခံ သိန်းစင်၏ ထွက်ဆိုချက်အရ ၎င်းသည် မေလ ၁၆ ရက် တွင် ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြောင်း သိရှိရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထံတွင် သင်တန်းတက်ရောက်ခဲ့သူ များဖြစ်ကြသည့် ပြည့်ဖြိုးနိုင်(ခ)မာဖီးယား၊ ၂၉ နှစ်၊ (ဘ)ဦးကြည်ဝင်း၊ ပြည့်စုံအောင် (ခ)ကပ်စပါ၊ ၂၀ နှစ်၊ (ဘ)ဦးကျော်ထူး၊ သက်ဖြိုးနောင်၊ ၂၆ နှစ်၊ (ဘ)ဦးသက်နိုင်၊ လူမင်း၊ ၁၇ နှစ်၊ (ဘ)မျိုးဇော်ဟိန်း၊ အိမြတ်သွယ်၊ ၂၃ နှစ်၊ (ဘ)ဦးသန်းလှိုင်ဦးတို့ ၅ ဦးအား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ မြသန္တာလမ်းရှိ ဧဝရတ်တည်းခိုခန်း၌ လည်းကောင်း၊ သူရကျော်စွာ(ခ)ညီညီဇော်၊ ၄၂ နှစ်၊ (ဘ)ဦးသိန်းအောင်အား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)ရှိ သန်းကြွယ်လ္ဘက်ရည်ဆိုင်တွင်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ပြည့်ဖြိုးနိုင်(ခ)မာဖီးယား၏ ထွက်ဆိုချက်အရ ပြည့်စုံဖြိုး၊ ၁၉ နှစ်၊(ဘ) ဦးရဲလင်းကျော်အား မေလ ၁၇ ရက်တွင် ပဲခူးမြို့၊ ရပ်ကွက်(၂)၊ အေသင်စားသောက် ဆိုင်၌လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထံတွင် သင်တန်းတက်ရောက် ခဲ့သူများဖြစ်ကြသည့် သူရိန်ကိုကို၊ ၂၃ နှစ်၊ (ဘ)ဦးအောင်ကျော်စိုးနှင့် မြင့်ကိုဦး၊ ၂၃ နှစ်၊ (ဘ)ဦးမောင်အေးအား ပဲခူးမြို့၊ ကျွန်းသာရပ်ကွက်၊ အောင်ရတနာဘုန်းကြီးကျောင်း၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖမ်းဆီးရမိသူများဖြစ်သည့် ငြိမ်းချမ်းအပါအဝင် ၂၀ ဦးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား စေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၎င်းတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

11 12 ER 0.3069
မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇွန် - ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ် ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မင်္ဂလာအချိန်တွင် ကျောင်းထိုင်ဆရာတော်အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူး တော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်တို့အား ရွှေတိဂုံစေတီတော်ပုံတူတော်မြတ် အထွတ်သို့ပင့်ဆောင်တင်လှူပူဇော်ကြသည်။ ထို့နောက် အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ဗုဒ္ဓါဘိသေကာ အနေက ဇာတင်မင်္ဂလာအား ဆက်လက်ပြုလုပ်ပြီး တပ်မတော်အကြီးအကဲများ၊ ရုရှားနိုင်ငံ ရောက် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့သည့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ် အား ရေစက်သွန်းချလှူဒါန်းခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အခမ်းအနား တက်ရောက်လာကြသူများက ကျောင်းထိုင်ဆရာတော်ထံမှငါးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဒ္ဓမ္မဇောတိက သိမ်တော်မြတ် တည်ဆောက်ခြင်းနှင့် သာသနာပြု လုပ်ငန်းများအတွက် အလှူငွေများ၊ သာသနာပြုမော်တော်ယာဉ်နှင့် လှူဖွယ်ပစ္စည်း များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များက သံဃာတော်အရှင် သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းသည်။ယင်းနောက် ကျောင်းထိုင်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သည် မော်စကိုမြို့လယ်၏ အရှေ့ ဘက် ၁၄ ကီလိုမီတာအကွာတွင် တည်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ ဥရောပ၊ အာရှနှင့် အမေရိကနိုင်ငံများမှ ဆရာတော်များလည်း တက်ရောက် ခဲ့ကြကြောင်း၊ မြန်မာ ထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို) သို့မဟုတ် မြန်မာဘုန်းတော်ကြီး ကျောင်းသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓသာသနာပြုအဖွဲ့အတွက် အခြေပြုရာ၊ ဘုရားဝတ်ပြု ရာနေရာ၊ ဘာသာသာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်ရာ နေရာ တစ်ခုဖြစ်ကြောင်းနှင့် ကျောင်းထိုင်ဆရာတော်အနေဖြင့်လည်း ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းစေရေးအတွက် သာသနာရေးဆိုင်ရာလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

12 1 ER 0.2579
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အဖွဲ့ဝင်များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ်လ ၂၈

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ယက် စာမျက်နှာ ပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး အား အတွင်းပဒံကျေးရွာ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၀ ရက်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာ၌ ရဲထွန်းတောက်နှင့် ကြည်ပြာဝင်းတို့ ၂ ဦး အားလည်းကောင်း၊ ဩဂုတ်လ ၁၁ ရက်တွင် လှိုင်သာယာ(အရေှ့ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၌ တင်ဝင်းလှိုင်၊ အောင်လေး၊ လှိုင်မိုးဝင်း နှင့် ဝိုင်းချစ်သူတို့ ၄ ဦးအား လည်းကောင်း၊ ထန်းတပင်မြို့နယ်၊ ရေတလိကျေးရွာ၌ သားဇော်၊ ခင်မျိုးဦး နှင့် တင့်ဝေ တို့ ၃ ဦးအား လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာ၌ ရဲသွေး၊ နိုင်ဝင်းနှင့် အေးကိုကိုအောင် တို့ ၃ ဦးအား လက်လုပ်ဗုံး ၄၃ လုံးဖြင့်လည်းကောင်း၊ တင်ဝင်းလှိုင် ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၂ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ဟိန်းသီဟ အားလည်းကောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာ အရှေ့ဘက်ရှိ ကုလားကြီး (ဖမ်းဆီးရန်ကျန်)၏ လယ်တဲ၌ ဖောက်ခွဲ ရေးပစ္စည်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကိုအောင် နှင့် ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၄ ရက်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ သက်နိုင်ထွေး အား လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတည်းခိုခန်း၌ ဇော်ဝင်းမြင့် နှင့် ဇော်ဇော်ထူး တို့ ၂ ဦးအားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်များ အရ အမှတ်(၆)ရပ်ကွက်ရှိ ရွှေလမင်းမိုတယ်၌ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ၉ မမ ကျည် ၁၀ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကိုအောင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၄ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အောင်နန္ဒဦး နှင့် ရဲထူးဇင် တို့ ၂ ဦးအား လည်းကောင်း၊ ဩဂုတ်လ ၁၇ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၌ ရဲရင့်အောင် အား လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရဲရင့်အောင် ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၈ ရက်တွင် ကမာရွတ်မြို့နယ်၌ မျိုးမင်း အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ စမ်းချောင်း မြို့နယ်၌ ဇော်ဇော်မိုး၊ ဟိန်းရူပါအောင် နှင့် ပိုင်စိုးမိုး တို့ ၃ ဦး အား ပွိုင့်-22 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၄၃ တောင့်နှင့် ဆက်စပ်ပစ္စည်း များအား လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်၌ ညီညီထွန်း အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ ဝင်းကို(ဖမ်းဆီးရန်ကျန်) နေထိုင်သည့် ကမာရွတ် မြို့နယ်၊ (၅)ရပ်ကွက် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၄ လုံးအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ဇော်မိုး ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၉ ရက်တွင် လှိုင်မြို့နယ်၌ ခိုင်ခိုင်လွင် အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၂ လုံး၊ ပွိုင့်-၂၂ ကျည် ၂ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ကမာရွတ် မြို့နယ်၊ (၅)ရပ်ကွက်ရှိ တိုက်ခန်းမှ လက်လုပ်မိုင်း ၁၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ယမ်းတောင့် ၈ တောင့်၊ ယမ်းထုပ် ၄ ထုပ်၊ ဒီတိုနေတာ ၆ ချောင်းနှင့် ဆက်စပ် ပစ္စည်းများအား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဟိန်းရူပါအောင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၌ ဆက်စပ်တရားခံ ဇေယျာဖြိုး နှင့် ဇနီးဖြစ်သူ ခိုင်လင်းထက်ကျော်တို့ ၂ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၁ ရက်တွင် ဗဟန်းမြို့နယ်၌ အောင်စည်တိုး အား Icon ၂ လုံးဖြင့်လည်းကောင်း၊ မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၌ စည်သူလွင် အား လည်းကောင်း၊ လှိုင်သာယာမြို့နယ်၌ သူရစိုး အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်ခိုင်လွင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၃ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဇော်မင်းထွန်း၊ ဝင်းသော်တာ၊ သိန်းဇော်၊ မျိုးသီဟ၊ သက်ထွဋ်ဇော်၊ ဝေယံသိန်း (ခ)ဗစ်တာနှင့် သီဟဇော် တို့ ၇ ဦးအား ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၂၈၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၅ ရက်တွင် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ဗန္ဓုလအိမ်ရာရှိ တိုက်အမှတ်(၂၆)၌ ဟိန်းကျော်လွင် နှင့် နှင်းအိဝေဇော် တို့ ၂ ဦးအားလည်းကောင်း၊ ဟိန်းကျော်လွင်၏ ထွက်ဆိုချက်အရ ဗန္ဓုလ အိမ်ရာရှိ တိုက်အမှတ်(၄၉)၌ ထက်လွင်ဦး အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀ တောင့်တို့နှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအနက် ရဲရင့်အောင်နှင့် ညီညီထွန်း တို့သည် KNLA တပ်မဟာ(၁)နယ်မြေတွင် လည်းကောင်း၊ ဇော်ဇော်မိုး၊ ဇော်မင်းထွန်း၊ သီဟဇော်၊ ပိုင်စိုးမိုးနှင့် ခိုင်ခိုင်လွင် တို့သည် KNLA တပ်မဟာ(၂)နယ်မြေတွင် လည်းကောင်း၊ ရဲသွေး၊ အေးကိုကိုအောင်၊ အောင်နန္ဒာဦးနှင့် ရဲထူးဇင် တို့သည် KNLA တပ်မဟာ(၆)နယ်မြေတွင် လည်းကောင်း၊ ဇော်နိုင်ဦး၊ အောင်စည်တိုးနှင့် သူရစိုး တို့သည် KNLA တပ်မဟာ(၇)နယ်မြေတွင် လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းများ အသီးသီးတက်ရောက် ခဲ့ကြောင်း သိရှိရသည်။
ဝေယံသိန်း(ခ) ဗစ်တာ သည် KNLA တပ်မဟာ (၂)နယ်မြေ၌ ဖောက်ခွဲရေး သင်တန်းဖွင့်လှစ်စဉ် ပစ္စတို (၁)လက်နှင့် ကျည်ဆံများအား တပ်မဟာ(၂)မှ ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ ပြန်လ)

4 9 ER 0.2384
၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်

3 2 ER 0.2008
Inter- national Army Games-2021 ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ဗိုလ်လုပွဲသို့ ထိုက်တန်စွာ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ - ၁


မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲ တွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ဝင်ရောက် ယှဉ်ပြိုင်လျှက်ရှိပြီး အုပ်စုပွဲစဉ်များကိုအဆင့်ဆင့်ကိုဖြတ်ကျော်ကာ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲစဉ်များအဖြစ် တစ်စီးချင်းမောင်း နှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (individual Race) တွင် မာလီ၊ ကာဂျစ်စတန်နှင့် လာအို နိုင်ငံ တို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ ယှဉ်ပြိုင်ခဲ့ပြီး ဩဂုတ် ၂၂ ရက်တွင် တိုက်ယာဉ် အဖွဲ့(၁) သည် ပြိုင်ပွဲဝင်စံချိန် ၂၈ မိနစ် ၅၇ စက္ကန့်ဖြင့် ပထမ နေရာ၌လည်းကောင်း၊ ဩဂုတ် ၂၅ ရက်တွင် တိုက်ယာဉ်အဖွဲ့(၂) သည် ပြိုင်ပွဲဝင်စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ဒုတိယ နေရာ၌လည်းကောင်း၊ ဩဂုတ် ၂၇ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)သည် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၄၅ စက္ကန့်ဖြင့် ဒုတိယ နေရာ၌ လည်းကောင်း စံချိန်များ အသီးသီးရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ ပေါင်း စံချိန် ၈၆ မိနစ် ၂၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ၈ သင်းတွင် ဒုတိယ ရရှိခဲ့သဖြင့် ကာဂျစ်စတန်၊ တာဂျစ် ကစ္စတန်၊ လာအို၊ တောင်အော့ဆက်တီးယား နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ(Relay Race) သည် မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ယာဉ်မောင်းလျက် ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည် ၃၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံ ၄ ခုအနက်မှ မဲ နှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ ကို ယနေ့တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များသည် တင့်၏ လက်နက်စနစ်ချို့ယွင်းမှု၊ မိုးရွာသွန်း၍ ရာသီဥတုအခြေအနေအရ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရမှုများကို မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရင်ဆိုင်ဖြတ်ကျော်လျက် ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် (Division-2) ၏ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ တွင် ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထိမှန်မှု အကောင်းဆုံးအသင်း လည်း ဖြစ်ခဲ့ကာ (Division-2)၏ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ဗိုလ်လုပွဲ ပွဲစဉ် ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ်ကစ္စတန် နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာတပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခု အကြိမ်အပါအဝင် ၄ ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ဘက် အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့ အကြုံ များနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်လျက်ရှိကြောင်း သတင်းရ ရှိသည်။

3 13 ER 0.2183
မန္တလေးမြို့အတွင်း PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၁

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃၁ ရက်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များအား တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများအတွင်းသို့ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် အတွက် စေလွှတ် လျက်ရှိသူ ဇော်နိုး နှင့် စိုးသူဝင်း တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ ဆက်စပ်တရားခံများ ဖြစ်သော ထက်ပိုင်ကျော်၊ ရဲရင့်သူ၊ ကျော်ဇင်သောင်း(ခ)ပီလီ၊ အောင်ဇင်ဟိန်းနှင့် ဝါဝါထက် တို့ ၅ ဦးကို ဩဂုတ်လ ၁ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ ကျော်ဇင်သောင်း(ခ)ပီလီ ၏ ထွက်ဆိုချက်အရ မဟာအောင်မြေ မြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၌ မဟာအောင်မြေမြို့နယ် PDF အဖွဲ့ ခေါင်းဆောင် ဖြစ်သူ ထက်နောင်ဝင်း ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အေးချမ်းသာ ကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ချေမှုန်းရေးရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၀၉ တောင့်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ ပြောက်ကျား အီကွေ့မင့် ၁ စုံကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၌ စိုးပြည့်အောင်၊ ဗိုလ်ဗိုလ်မြင့်သူ(ခ)ဗိုလ်ဗိုလ်၊ အောင်မင်းထက်၊ ဇူးဇူး(ခ) ဆုစန္ဒီဇော် တို့ ၄ ဦးကို လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူဝါဝါထက်၏ ထွက်ဆိုချက်အရ ၎င်းထံမှ လက်လုပ်ဗုံးများ ယူဆောင်၍ ပြင်ဦးလွင်မြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသူ အောင်ကျော်သိန်း(ခ)နောင်နောင် ကို ဩဂုတ်လ ၂ ရက်တွင် ပြင်ဦးလွင်မြို့၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဖြစ်စဉ်နှင့် ဆက်စပ်သူများဖြစ်သည့် သီဟဝင်း(ခ)ကိုသီကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)၌ လည်းကောင်း၊ သက်ဇော်ထွန်း (ခ)သက်ဇော် ကို ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၌ လည်းကောင်း၊ မြတ်မင်းစိုး (ခ)အာလူး၊ မင်းချစ်ဇော်နှင့် မမေမြတ်နိုး တို့ ၃ ဦးကို လက်လုပ်ဂက်စ်သေနတ် ၁ လက်၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ 91 လက်ပစ်ဗုံး ၃ လုံး၊ ချိန်ကိုက်မိုင်းပြုလုပ်ရန် Keypad ဖုန်း ၁ လုံး၊ လက်လုပ်ဗုံးပြုလုပ်ရန် သံပိုက် ၄၀ လုံး တို့နှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာအနီး၌ လည်းကောင်း ဩဂုတ်လ ၅ ရက်တွင် အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ သက်ဇော်ထွန်း(ခ)သက်ဇော် ၏ ထွက်ဆိုချက်အရ ဆက်စပ် သူများဖြစ်သည့် ဘိုဘိုအောင်(ခ)ဘိုဘို နှင့် အောင်သူဟိန်း တို့ကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ လည်းကောင်း၊ ပိုင်ဝဏ္ဏ ကို ရေငယ်ရွာ၌ လည်းကောင်း ဩဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဝိုင်းဝိုင်းလင်းထက်(ခ)ဝိုင်းဝိုင်းနှင့် ထွဋ်စစ်မှူးလွင်(ခ)ထွဋ်စစ် တို့ကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၌ ဩဂုတ်လ ၁၄ ရက်တွင် အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဇော်နိုး၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် မဟာအောင်မြေမြို့နယ်၊ NLD ပါတီဝင် ရဲမင်းဇော် နှင့် NUG ကာကွယ်ရေးဝန်ကြီး ရည်မွန် တို့နှင့် ချိတ်ဆက်၍ မန္တလေးတိုင်း အတွင်းမှ လူငယ်များအား KIA နယ်မြေအတွင်း ဖောက်ခွဲရေးသင်တန်း တက်ရောက် ရန်နှင့် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်သူများအား စုဆောင်းစေလွှတ်သူ ဖြစ်ကြောင်း၊ အဆိုပါလိုင်ဇာအနီး၌ ဖွင့်လှစ်ခဲ့သောဖောက်ခွဲရေးသင်တန်းတွင် ဇော်နိုး၊ စိုးသူဝင်း၊ ထက်နောင်ဝင်းနှင့် ထွဋ်စစ်မှူးလွင် တို့တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထက်နောင်ဝင်းသည် KIA အဖွဲ့မှ ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ပြီး သင်တန်းဆင်းချိန်တွင် အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန် ရည်ရွယ်၍ လက်နက်/ခဲယမ်းများ သယ်ဆောင်လာခဲ့ပြီး သိမ်းဆည်းထားရှိကာ အဖျက် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။

အကြမ်းဖက်နှင့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီးသူများ ဖြစ်သော ၂၀၁၅ ခုနှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင် ကျော်စိုးလင်းနှင့် ၂၀၁၅ ခုနှစ်၊ ကောလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင် မျိုးဇော်အောင် တို့က သင်တန်းဆင်းသူများအား မြို့နယ်အသီးသီးသို့ ပြန်လည်ရောက်ရှိပါက အစိုးရယန္တရား လည်ပတ်မှုမရှိစေရေး၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုမရှိစေရေးနှင့် ဒလန်များအားရှင်းလင်းရေးတို့အတွက် အဓိကလုပ်ဆောင်သွားရန် စီစဉ်မှာကြားမှုများပြုလုပ်ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မေလ ၁၉ ရက်တွင် မင်းချစ်ဇော်၊ သက်ဇော်ထွန်း(ခ)ငသက်၊ မြတ်မင်းစိုး(ခ)အာလူး၊ ဝိုင်းဝိုင်းလင်းထက်နှင့် ပိုင်ဝဏ္ဏ တို့သည် နောင်ချိုမြို့နယ်၊ ပန်ဝိုးလေးကျေးရွာအနီးရှိ TNLA သင်တန်းတွင် ဖောက်ခွဲရေး သင်တန်းကို အခြားသင်တန်းသားများနှင့် အတူတက်ရောက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ဇော်နိုးဦးဆောင်၍ စဉ့်ကူးမြို့နယ်အတွင်း ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်းကို အောင်ဇင်ဟိန်း၊ စိုးပြည့်အောင်နှင့် ဗိုလ်ဗိုလ်မြင့်သူ တို့ တက်ရောက်ခဲ့ကြောင်း၊ စိုးပြည့်အောင်သည် ဖောက်ခွဲမှုများဆောင်ရွက်ရန် လက်ပစ်ဗုံးများအား သယ်ဆောင် ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ရောင်းဝယ်မှုများတွင်လည်း ပါဝင်ပတ်သက် ခဲ့ကြောင်း၊ ဇော်နိုးသည် ကျော်ဇင်သောင်း၊ ထွန်းတောက်နိုင်၊ မိုးတိမ်၊ တင်မောင်ထွေး (ဖမ်းဆီးရန်ကျန်) တို့နှင့်အတူ မန္တလေးမြို့အတွင်း အဖျက်လုပ်ငန်းများ လုပ်ဆောင် နိုင်ရေး ဦးဆောင်စီစဉ်ခဲ့မှုများတွင် ပါဝင်ခဲ့ကြောင်း၊ ဇော်နိုးသည် တိမ်းရှောင်လျက် ရှိသည့် တင်မောင်ထွေး၊ မျိုးမင်းတို့နှင့်အတူ TNLA သောင်းကျန်းသူများထံမှ လက်ပစ်ဗုံး ၂၅၀ လုံးအား သွားရောက်ယူဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ၎င်းသည် KIA အဖွဲ့စေခိုင်းမှုဖြင့် အစိုးရအဆောက်အဦများနှင့် လူစည်ကားရာ နေရာ များအား ဖောက်ခွဲဖျက်ဆီးရန် စီစဉ်နေသူဖြစ်ကြောင်း၊ ဒလန်ရှင်းလင်းရေးအတွက် လက်နက်ငှားရမ်းမှုများ ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ဇွန်လတွင် ပုသိမ်ကြီး မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင်လည်း တိမ်းရှောင်လျက်ရှိသည့် ဝေစိုးနှင့်အတူပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့က&#

8 18 ER 0.2371
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ PPE ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်သမား ၂ ဦးက လုပ်ကြံပစ်ခတ်မှုကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသူ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ


နေပြည်တော်၊ ဩဂုတ် ၅


အကြမ်းဖက်အစွန်းရောက်သမားများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် ကပ်ရောဂါဖြစ်ပွားနေမှုအပေါ် မျက်ကွယ်ပြု၍ ရောဂါထိန်းချုပ် နိုင်ရေးကူညီဆောင်ရွက်လျက်ရှိသည့် နေရာများကို ဦးတည်တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် လတ်တလော ကျန်းမာရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်စေတနာပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖြစ် အယောင်ဆောင်၍ PPE ဝတ်စုံ ဝတ်ဆင်ပြီး အပြစ်မဲ့ပြည်သူများအနီး ချဉ်းကပ်ကာ ရက်စွက်စွာ လုပ်ကြံသတ်ဖြတ်မှုများကိုပါ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။


ထိုကဲ့သို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ယနေ့မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း၊ အမှတ်(၃၁)နေ ဦးစန်းလင်း (၅၃)နှစ်၊ (ဘ) ဦးလှရွှေနှင့် ဇနီးဖြစ်သူ ဒေါ်သီတာတို့သည် နေအိမ်အရှေ့၌ အိမ်ဆိုင်ဖွင့်လှစ်၍ ဈေးရောင်းချနေစဉ် PPE ဝတ်စုံဝတ်ဆင်ကာ စေတနာ့ဝန်ထမ်း အယောင်ဆောင်ထားသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်အတွင်းသို့ အအေး လာရောက် ဝယ်ယူဟန်ဖြင့် ချဉ်းကပ်ဝင်ရောက်လာသဖြင့် အအေးရောင်းချပေးနေစဉ် အဆိုပါ အကြမ်းဖက်သူ ၂ ဦးက ၎င်းတို့ထံတွင်အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းလင်း၏ ဝဲဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ကျည် ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ဒေါ်သီတာတွင် ဝဲလက်ဖျံ ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ အသီးသီး ရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးနေစဉ် ဦးစန်းလင်းမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ထိုသို့ ဝတ်စုံ ဝတ်ဆင်၍ အကြမ်းဖက်သတ်ဖြတ်မှုကို ပြုလုပ်ခဲ့မှုကြောင့် စိတ်စေတနာ ပြည့် ဝစွာဖြင့် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများအပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေနိုင်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အစွန်းရောက်အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အသေးစိတ်ပိတ်ဆို့စစ်ဆေးရှာဖွေမှုများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

9 7 ER 0.2190
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင်အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ (၁)လမ်းထိပ်နေ ဦးတင်မြင့်စိုး (၆၃)နှစ် (ဘ) ဦးတင်စိန်၏ နေအိမ်၌ လက်နက်ကိုင်အကြမ်းဖက် PDF အဖွဲ့ဝင်များရောက်ရှိနေပြီး ရိက္ခာများစုဆောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ကသွားရောက် ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ ဦးတင်မြင့်စိုးနှင့်အတူ ဇော်မျိုးထွန်း (၂၇)နှစ် (ဘ)ဦးကျော်ညွှန့်၊ ချစ်ထွန်း(ခ) ဇေကြီး၊ အောင်ချမ်းဝင်း၊ ဟန်ဇင်ထွန်း၊ မအိအိမွန်၊ မငြိမ်းငြိမ်းအိ၊ ဒေါ်ကြည်ကြည်ဝင်းတို့ ၈ ဦးအားတွေ့ရှိရပြီး‌ ဆက်လက် ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ ဆေးပစ္စည်းများထည့်ထားသည့် ဆာလာအိတ် ၁ လုံး၊ လက်ဆွဲအိတ် ၁ လုံး၊ ဖိနပ်များထည့် ထားသည့် ဆာလာအိတ် ၁ လုံး အခြားပစ္စည်းစုံအိတ် ၂၇ အိတ်၊ အကြမ်းဖက်တိုက်ခိုက် ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ အဆိုပါ ပစ္စည်းများမှာ ကနီမြို့နယ်ဘက်မှ PDF အဖွဲ့များအား ထောက်ပံ့ရန် စုဆောင်းထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဖြစ်စဉ်တွင် PDF အဖွဲ့များအား ထောက်ပံ့မည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဦးတင်မြင့်စိုးပါ ၈ ဦးတို့အား ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ဥပဒေအရအရေးယူသွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 4 ER 0.2116
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ မြို့ပတ်ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး၍ ၂ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ မြို့ပတ်ရထားလုံခြုံရေး လိုက်ပါဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး၍ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန်၊ အင်းစိန်-လှော်ကားခရီးစဉ်(၅)၊ ရထားအမှတ်(က/၆) RBE မြို့ပတ်ရထားသည် ရဲတပ်ဖွဲ့ဝင် များလုံခြုံရေးလိုက်ပါဆောင်ရွက်လျက် ရန်ကုန်ဘူတာကြီးမှ ကြည့်မြင်တိုင်ဘူတာသို့ ထွက်လာခဲ့ရာ အလုံဘူတာသို့ ရောက်ရှိစဉ် အမျိုးသား ၃ ဦး က ရထားပေါ်သို့ တက်ရောက်စီးနင်းလိုက်ပါ လာပြီး အလုံဘူတာမှ ဆက်လက်ထွက်ခွာလာစဉ် ညနေ ၄ နာရီ ၁၈ မိနစ်အချိန်၌ အဆိုပါ အမျိုးသား ၃ ဦးမှ ရထား စက်မောင်းအား သေနတ်ဖြင့် ချိန်ကာ ရထားအား ရပ်တန့်ခိုင်းခဲ့ပြီး ရထားတတိယတွဲတွင် လုံခြုံရေးလိုက်ပါဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ခရီးသည်အသွင်ယူကာ အနီးကပ်သေနတ် ကိုယ်စီဖြင့် ဝိုင်းဝန်းအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော လက်နက်ငယ်အချို့အား ယူဆောင်ထွက်ပြေးသွားခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် မြို့ပတ်ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ သေနတ်ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးတွင် သေနတ် ထိမှန်ဒဏ်ရာများရရှိခဲ့ကာလက်နက်ငယ်အချို့ပါဆုံးရှုံးခဲ့သည်။ ထိုသို့တာဝန်ဝတ္တရား ဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သူ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ၍ စုံစမ်းစစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

1 33 ER 0.2516