Статистика ВК сообщества "မြဝတီ"

0+
အမှားအမှန် ပိုင်းခြားသိမြင် မြဝတီနေ့စဉ်
Количество постов 29 075
Частота постов 2 часа 2 минуты
ER 2.51
Нет на рекламных биржах

Графики роста подписчиков

Лучшие посты

၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား စစ်ကြောင်းကြီးများ အစဉ်လိုက် ချီတက်နေရာယူ

7 11 ER 0.2758
၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား စစ်ကြောင်းကြီးများ ချီတက် ဂုဏ်ပြု

8 18 ER 0.2814
မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား ဥပဒေအရ အမှုဖွင့်အရေးယူ

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်

၁။ မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက် စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေ ရယူ၍ ဖြန့်ဝေလျက်ရှိသည့် သင်ဇာဝင့်ကျော်(ခ)သင်ဇာနှင့် နန်းမွေစံတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ပါသည်။
၂။ စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ခန့်တွင် လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ချိတ်ဆက်ပေးမှုဖြင့် အမေရိကန် နိုင်ငံတွင် နေထိုင်သည့် Mr. Rafal ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်း Website ဖြစ်သည့် Exantria Website တွင် အခကြေးငွေရယူ၍ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအား တင်ရန် Thin Zar Wint Kyaw အမည်ဖြင့် အကောင့်ဖွင့်လှစ် ခဲ့ကြောင်း၊ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်၍ ၎င်း Website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ရရှိသည့်အခကြေးငွေများအား Website မှ ၂၅ ရာခိုင်နှုန်းနှင့် Post တင်သူမှ ၇၅ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
၃။ အလားတူ နန်းမွေစံသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလခန့်တွင် အိန္ဒိယ နိုင်ငံထုတ်အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ Mrs. Kumar ၏ ချိတ်ဆက်ပေးမှုအရ Exantria Website ပိုင်ရှင် Mr. Rafal နှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစ၍ Mr. Rafal ဦးစီးလုပ်ကိုင်ဖွင့်လှစ်ပေးသည့် Onlyfans Website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူ၍ Post တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Mr. Rafal နှင့်ထပ်မံ ချိတ်ဆက်ခဲ့ပြီး Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထပ်မံပေးပို့၍ Post တင်ခဲ့ကြောင်း၊ အဆိုပါ Website မှ ရရှိသည့် အခကြေးငွေ များအား Post တင်သူမှ ၇၀ ရာခိုင်နှုန်းနှင့် Website မှ ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိ ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
၄။ စိစစ်ချက်များအရ Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယို ဖိုင်များအခကြေးငွေရယူကာ လူမှုကွန်ရက်၌ ဖော်ပြနေသူများတွင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့အပြင် အချို့သော လိင်အသားပေးမော်ဒယ်များလည်း ပါဝင်လုပ်ကိုင် လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
၅။ သို့ဖြစ်၍ မြန်မာအမျိုးသမီးများစောင့်ထိန်းလိုက်နာအပ်သော ဟိရိဩတ္တပ္ပ တရားကင်းမဲ့စွာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာ အမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင်အမြင်သေးစေနိုင်သည့် လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ တို့ (၂) ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က) အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။

9 17 ER 0.2198
(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ မတ် - ၂၇

(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ် သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် တပ်မတော်နေ့ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။
ထို့နောက် ဂုဏ်ပြုဆုများ၊ အလံအဖွဲ့အကောင်းဆုံးဆုနှင့် စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုများ ရရှိကြသည့် တပ်မတော်(ရေ)အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ တပ်မတော်(လေ)အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု ယန္တရား တပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေး မှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ တပ်မတော်(ကြည်း)အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)(အမျိုးသမီး) ကိုယ်စားပြု အလံ အဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသည့် အနော်ရထာစစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့ အကောင်းဆုံး ဆုရရှိသည့် အနော်ရထာစစ်ကြောင်း အလံတော်အဖွဲ့ တို့အား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တပ်မတော်(ကြည်း)(အမျိုးသမီး) စစ်ရေးပြ တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)(အမျိုးသမီး) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂) ၊ အကောင်းဆုံးစခန်း တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ချီသီချင်းအကောင်းဆုံး တတိယဆုရရှိသည့် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသည့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး တတိယဆု ရရှိသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား) စစ်ရေးပြ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ တပ်မတော်(ကြည်း) (အမျိုးသမီး) စစ်ရေးပြ ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်းဆုံးစခန်း ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ စစ်စည်းကမ်းအကောင်း ဆုံး ဒုတိယဆုရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆု ရရှိသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး) စစ်ရေးပြ ပထမဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား) စစ်ရေးပြ ပထမဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြုတပ်ခွဲ(၁)၊ တပ်မတော်(ကြည်း) (အမျိုးသမီး)စစ်ရေးပြ ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ အကောင်းဆုံးစခန်း ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ စစ်ချီသီချင်းအကောင်းဆုံး ပထမဆု ရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲနှင့် စစ်ရေးပြအကောင်းဆုံး ပထမဆု ရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ တို့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ် ချီးမြှင့်သည်။
ထို့နောက် (၇၇)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စံပြတပ်ခွဲ တတိယဆု ရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲနှင့် စံပြတပ်ခွဲ ပထမဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ် ချီးမြှင့်သည်။
ထို့နောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

5 5 ER 0.1951
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာ၌ ဆူပူအကြမ်းဖက်ဆန္ဒပြသူများအား ဖြိုခွဲထိန်းသိမ်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း၌ CDM လှုပ်ရှားမှုကို အခြေခံ၍ ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် တရားဥပဒေပျက်ပြားအောင် ဦးတည် ဆောင်ရွက်နေသော ဆူပူအကြမ်းဖက်အဖွဲ့များသည် မြင်းခြံမြို့နှင့် ၇ မိုင် ကွာဝေးသော တလုပ်မြို့ရွာ၊ ရဲတိုင်ရွာ၊ မြို့ကြီးကုန်းရွာ၊ မြောက်ရွာများတွင် ရွာခြံစည်း ရိုးတံခါးများ အခိုင်အမာပြုလုပ်ခြင်း၊ သဲအိတ်ဘန်ကာများ၊ လူလုပ်အတားအဆီးများ ပြုလုပ်ပြီး ယာယီခံစစ်များ သဖွယ်ပြုလုပ်လျက်ရှိပြီး မြင်းခြံမြို့ပေါ်သို့ အဖျက်အမှောင့်လုပ်ငန်းများ အဖြစ် မြဝတီဘဏ် ဗုံးပေါက်ကွဲမှု ၂ ကြိမ်၊ ကမ္ဘောဇဘဏ် ဗုံးပေါက်ကွဲမှု ၁ ကြိမ်၊ ခရိုင်စီမံ အုပ်ချုပ်ရေးရုံးသို့ ၁ ကြိမ်၊ ခရိုင် ရဲတပ်ဖွဲ့မှူးနေအိမ် မီးရှို့မှု ၁ ကြိမ်၊ ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာနသို့ ၂ ကြိမ် လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်းများဖြင့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်လာခဲ့သည်။

ထို့ပြင် နိုင်ငံတော်အတွင်း အုပ်ချုပ်မှု ယန္တရားထိခိုက်စေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်မှုကို လိုလားသည့် လူငယ်ထုအချို့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း မြင်းခြံခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အားဖွဲ့စည်းကာ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအချို့ တို့တွင် ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များပြုလုပ်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် ပြည်သူလူထုများမှ အုပ်ချုပ်ရေး ပိုင်းနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖြစ်ပေါ်နေသည့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်ရေး သတင်းပေးပို့လာခဲ့သည်။

ထို့သို့ သတင်းပေးပို့လာခဲ့သဖြင့် မေလ ၁၁ ရက် ညနေ ၃ နာရီအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်ပေါ်နေသော အခြေအနေအား ထိန်းသိမ်း နိုင်ရေး သွားရောက်ခဲ့ရာ တလုပ်မြို့ကျေးရွာအတွင်း အရောက်တွင် ဆူပူအကြမ်းဖက်သူ များက လက်နက်ငယ်များ၊ လက်လုပ်သေနတ်၊ လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်ဗုံး များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေးအတွက် မြင်းခြံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

ဆက်လက်၍ မေလ ၁၂ ရက် နံနက် ၆ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တလုပ်မြို့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ရဲတိုင်ကျေးရွာနှင့် ကုန်းဘောင်ကျေးရွာများအတွင်းရှိ အကြမ်းဖက်အဖွဲ့များအား အဖွဲ့ ၃ ဖွဲ့ခွဲ၍ အဆင့်ဆင့် အသေးစိတ် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ တလုပ်မြို့ကျေးရွာအတွင်း အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက် သူ အင်အား (၂၀၀)ဦးခန့်က လက်နက်ငယ်၊ တူမီးသေနတ်၊ လက်ပစ်ဗုံး၊ လက်လုပ်ဗုံး များဖြင့် ဝိုင်းရံပိတ်ဆို့ကာ ဆူပူအော်ဟစ်အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ လုပ်ထုံးလုပ်နည်းနှင့်အညီ လူစုခွဲခြင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် ဆူပူအကြမ်းဖက်အဖွဲ့များ ဆင်ချောင်းကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျည်ထိမှန်၍ အပြင်း အထန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆူပူအကြမ်းဖက်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ဆူပူ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် M-16 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ တူမီးသေနတ် ၂ လက်၊ လက်လုပ်သေနတ် ၈ လက်၊ 91 လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် ဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့် အညီ ထိရောက် စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တလုပ်မြို့ကျေးရွာ ၏ ပတ်ဝန်းကျင်ကျေးရွာများရှိ ဆူပူအကြမ်းဖက်အဖွဲ့များအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု့ကာ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

5 16 ER 0.2547
State Administration Council Chairman Commander-in-Chief of Defence Services Senior General Min Aung Hlaing, wife Daw Kyu Kyu Hla, Council members and wives pour water at banyan tree on fullmoon day of Kason

Nay Pyi Taw May 25

The 13th Maha Mingalar ceremony of pouring water at banyan trees in the month of Kason involved in the 12 seasonal festivals of Buddhist Myanmar, which falls on the fullmoon day of Kason, 1383 ME, also called the Buddha’s Day, took place at Maha Bodhi banyan trees in the northward in the precinct of Upattasanti Pagoda in Nay Pyi Taw this afternoon. Chairman of the State Administration Council Commander-in-Chief of Defence Services Senior General Min Aung Hlaing and wife Daw Kyu Kyu Hla watered Maha Bodhibanyan trees.

Also present at the ceremony were Vice Chairman of the Council Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win and wife Daw Than Than Nwe, Council members and their wives, the Council secretary and wife, the Council joint secretary and wife, the Chief Justice of the Union, the Chairman of the Constitutional Tribunal of the Union, the Chairman of Union Election Commission, the Union ministers and their wives, the Attorney-General of the Union, the Auditor-General of the Union and wife, the Chairman of Union Civil Service Board, the Chairman of Nay Pyi Taw Council, the Governor of Central Bank of Myanmar and wife, the Chairman of Anti-Corruption Commission and wife, the Chairman of Myanmar National Human Rights Commission, the Commander of Nay Pyi Taw Command and wife, officials and members of religious associations.

First, the Senior General and wife, Council members and wives and congregation took the positions to pour water at Maha Bodhi banyan trees in the precinct of the pagoda. The master of ceremonies recited Maha Bodhi Rukkhasijjana Gatha. They poured water at respective Maha Bodhi banyan trees and sprinkled scented water on these trees. Then, they went round the trees clockwise.

Moreover, families of the Office of the Commander-in-Chief (Army, Navy and Air) under the patronage of the Chairman of the State Administration Council Commanderin- Chief of Defence Services and wife watered Bodhi banyan trees at Lawkachantha Hsutaungpyae Athin Pagoda in Zeyathiri Township.

As all significant days when Lord Dipankara Buddha gave a word of preordainment of event to Sumeda hermit, saying that the hermit would be the Lord Buddha in Bhadda World, when Buddhatobe Prince Siddhattha was born, when Prince Siddhattha attained the Enlightenment and the Lord Buddha and Buddha attained the Parinibbana fall on the fullmoon day of Kason. Myanmar people recorded the day on which the Buddha-to-be was prophesied as a future Buddha, born, and attained enlightenment, the Buddha attained Parinibbana. So, Myanmar Buddhists identified the fullmoon day of Kason as Buddha’s Day because the day was coincided with the date of birth of 28 Lord Buddhas, the attainment day of the Enlightenment and the attainment day of the Parinibbana of not only Lord Gotama but also all remaining 27 Lord Buddhas.

The water pouring of banyan trees in the month of Kason is a religious festival as performance of doing meritorious deeds and pleasure for Buddhists. Moreover, it is a Myanmar’s intangible cultural heritage. Hence, the devotees sprinkle scented water on the banyan trees one day ahead of the fullmoon day of Kason and make preparations at Maha Bawdi Throne.

7 12 ER 0.2486
၂၀၂၂ ခုနှစ်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်

4 66 ER 0.3058
မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်များ ည ၈ နာရီ ပရိတ်ရွတ်ချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆဲဆိုပစ်ခတ်သဖြင့် သံဃာအချို့ဒဏ်ရာရရှိကြောင်း သတင်းမှားများ ဖော်ပြနေမှုနှင့်ပတ်သက်၍ သတင်းအမှန်ပြန်လည်ရှင်းလင်းခြင်း

နေပြည်တော်၊ ဇွန် ၃

မီဒီယာအချို့အနေဖြင့် လူမှုကွန်ရက်စာမျက်နှာ (Facebook)အား အသုံးပြုကာ မှန်ကန်မှု မရှိသော သတင်းများအား အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန်၊ လူပုဂ္ဂိုလ်အဖွဲ့အစည်း များကြား အမုန်းတရားများကြီးထွားလာစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုများအား အထင်အမြင် လွဲမှားစေရန် စသည့် ရိုးသားမှုမရှိသော မသမာသော ရည်ရွယ်ချက်များဖြင့် မီဒီယာ ကျင့်ဝတ်အား ချိုးဖောက်ကာ မဟုတ် မမှန်လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ကြံရေးသားလျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် Khit Thit Media အမည်ဖြင့် မီဒီယာတစ်ခုမှ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “မန္တလေးမစိုးရိမ်တိုက်သစ်မှ သံဃာတော်များက ယနေ့ည ၈ နာရီ ပရိတ်ရွတ်ဖတ်နေချိန် စစ်ကောင်စီက လာရောက်ပြီး ကျောင်း အပေါက်ဝအထိ ဆဲဆိုပါတယ်၊ ပရိတ်ရွတ်ဖတ်ပူဇော်နေတာကို ပစ်ခတ်ဖြိုခွင်းပါတယ်၊ သံဃာအချို့ ထိခိုက်ဒဏ်ရာရရှိပါတယ်၊ တစ်ပါးမှတော့ အဖမ်းခံရတာ မရှိပါဘူး”အစရှိသဖြင့် မစိုးရိမ်တိုက်သစ်မှ သံဃာတော်တစ်ပါးမှ အမှန်တကယ်မိန့်ကြားခဲ့သယောင် မဟုတ်မမှန်ရေးသားထားသည်ကို တွေ့ရှိ ရသည်။

ရေးသားဖော်ပြထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စိစစ်ရာတွင် ၎င်းတို့ရေးသားဖော်ပြထားသည့် နေ့ရက်နှင့် အချိန်အတွင်း မည်သည့်လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်းမရှိသည်ကိုလည်းကောင်း၊ ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉ လမ်းနှင့် ၃၈ လမ်းရှိ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းတွင် သီတင်းသုံးသည့် မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော်အား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက အဆိုပါရေးသားဖော်ပြထားမှုနှင့်ပတ်သက်၍ သွားရောက် လျှောက်ထားအတည်ပြုရာတွင်လည်း ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိဘဲ လုပ်ကြံ ရေးသား ထားခြင်းဖြစ်ကြောင်း စိစစ်သိရှိရသည်။

သို့ဖြစ်ပါ၍ အများပြည်သူလူထုအနေဖြင့် မီဒီယာအချို့၏ သတင်းမီဒီယာကျင့်ဝတ်အား ချိုးဖောက်ကာ မဟုတ်မမှန်လုပ်ကြံရေးသားနေမှုများအား အသိ၊ သတိဖြင့် ယှဉ်ကာ ချင့်ချိန်ဝေဖန် သုံးသပ်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

8 6 ER 0.2233
အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်းများ(ဒုတိယအသုတ်)အဖြစ် ရောက်ရှိ

နေပြည်တော်၊ ဩဂုတ်- ၂၀

အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများသည် ဒုတိယအသုတ်အဖြစ် Biman Bangladesh Airlines မှ အထူးကုန်တင်လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ အဆိုပါဆေးနှင့်ဆေးပစ္စည်း များကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် သံရုံးမှ တာဝန်ရှိသူများက လက်ခံရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဆေးသုတေသန မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။
ထိုသို့ရောက်ရှိလာသော ဆေးနှင့်ဆေးပစ္စည်းများတွင် Long Surgical Glove (Elbow) ၅၀၀၀၀ ခု၊ Examination Gloves ၁၅၀၀ ခု၊ Digital BP Cuff ၅၇၀ ခု၊ Protable X-ray 100 MA ၁ ခု၊ Mask ၁၄၄၀၀ ခု၊ Rapid Antigen Test Kit ၂၀၀၀ ခု၊ High-Flow Nasal Cannula (HFNC) ၁၀၀ ခု၊ Body Bed ၂၉၂ ခု၊ PPE ဝတ်စုံ ၁၂၄၀ စုံ၊ Pulse Oximeter (Finger Tip) ၃၀၀ ခု၊ Oxygen Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ခု၊ Empty Oxygen Cylinder ၄၀၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၄၀ ကျော်ပါဝင်ပြီး ၎င်းတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒဂုံမြို့နယ် စကားဝါလမ်းရှိ ဗဟိုဆေးသို လှောင်ရေးဌာနသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

6 1 ER 0.1965
မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇွန် - ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ် ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မင်္ဂလာအချိန်တွင် ကျောင်းထိုင်ဆရာတော်အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူး တော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်တို့အား ရွှေတိဂုံစေတီတော်ပုံတူတော်မြတ် အထွတ်သို့ပင့်ဆောင်တင်လှူပူဇော်ကြသည်။ ထို့နောက် အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ဗုဒ္ဓါဘိသေကာ အနေက ဇာတင်မင်္ဂလာအား ဆက်လက်ပြုလုပ်ပြီး တပ်မတော်အကြီးအကဲများ၊ ရုရှားနိုင်ငံ ရောက် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့သည့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ် အား ရေစက်သွန်းချလှူဒါန်းခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အခမ်းအနား တက်ရောက်လာကြသူများက ကျောင်းထိုင်ဆရာတော်ထံမှငါးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဒ္ဓမ္မဇောတိက သိမ်တော်မြတ် တည်ဆောက်ခြင်းနှင့် သာသနာပြု လုပ်ငန်းများအတွက် အလှူငွေများ၊ သာသနာပြုမော်တော်ယာဉ်နှင့် လှူဖွယ်ပစ္စည်း များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များက သံဃာတော်အရှင် သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းသည်။ယင်းနောက် ကျောင်းထိုင်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သည် မော်စကိုမြို့လယ်၏ အရှေ့ ဘက် ၁၄ ကီလိုမီတာအကွာတွင် တည်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ ဥရောပ၊ အာရှနှင့် အမေရိကနိုင်ငံများမှ ဆရာတော်များလည်း တက်ရောက် ခဲ့ကြကြောင်း၊ မြန်မာ ထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို) သို့မဟုတ် မြန်မာဘုန်းတော်ကြီး ကျောင်းသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓသာသနာပြုအဖွဲ့အတွက် အခြေပြုရာ၊ ဘုရားဝတ်ပြု ရာနေရာ၊ ဘာသာသာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်ရာ နေရာ တစ်ခုဖြစ်ကြောင်းနှင့် ကျောင်းထိုင်ဆရာတော်အနေဖြင့်လည်း ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းစေရေးအတွက် သာသနာရေးဆိုင်ရာလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။

5 3 ER 0.1978