Статистика ВК сообщества "မြဝတီ"

0+
တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ကို ဖော်ဆောင်ပေးသည် မြဝတီ
Количество постов 24 200
Частота постов 3 часа 7 минут
ER 3.36
Нет на рекламных биржах

Графики роста подписчиков

Лучшие посты

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇူလိုင် - ၂၅

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး ပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှသင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင်တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေ ဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်လာသည်မှာ ဆယ်စုနှစ်တစ်ခုမက တိုင်ခဲ့ပြီပင်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ကျင်းပကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ၊ အဖွဲ့အစည်းများအလိုက် စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင် တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်ကြောင်း၊ လူနှင့်သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် သစ်တော၊ သစ်ပင်များသည် အရေးပါလျက်ရှိ ကြောင်း၊ လူနှင့် သတ္တဝါတို့ကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်၊ ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို စုပ်ယူပေးပြီး လူနှင့်သတ္တဝါတို့ အသက်ရှူသွင်းရန် အောက်ဆီဂျင် ဓာတ်ငွေ့ကို သစ်ပင်များက ထုတ်လွှတ်ဖြည့်ဆည်း ပေးထားခြင်းဖြစ် ကြောင်း။

တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေ တမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ သစ်စေ့မှ တစ်ဆင့်သန်စွမ်းသည့် ပျိုးပင် ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်းပျိုးပင်ကို မြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီး သစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာတွင် အစားထိုး စိုက်ပျိုးသည့်စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးရန်အတွက် လုံလောက်သည့် မြေ နေရာ ရှိ/မရှိ၊ စိုက်ပြီးသည့်အပင်များ ပေါင်းမြက်၊ လောင်းရိပ်များ ရှင်းလင်းပေးမှုရှိ/မရှိ၊ အပင်များအတွက် အစိုဓာတ်လုံလောက်မျှတ မှုရှိ/မရှိ၊ အပင်ရှင်သန်ကြီးထွားစဉ် စားသုံးရန်လုံလောက်သည့် မြေဩဇာပမာဏ ပြည့်/ မပြည့် စသည့် အချက်များအထိ ထည့်သွင်းတွက်ချက် စိုက်ပျိုးကြရမည် ဖြစ်ကြောင်း။

သစ်ပင်စိုက်ပျိုးပွဲများ၏ အောင်မြင်မှုအကျိုးရလာဒ်ကို ဆက်လက်ထိန်းသိမ်းကြရမည်

တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ယခုကဲ့သို့မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်များကို နှစ်စဉ်ကျင်းပလာခဲ့ရာ ၂၀၂၁ ခုနှစ်အထိ (၃၂)ကြိမ်၊ အပင်စုစုပေါင်း (၁၆၈၀၈၇)ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမအကြိမ်၌ ၄,၃၀၄ ပင် အသီးသီး စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အောင်မြင်ဖြစ်ထွန်းမှုအနေဖြင့် ၆၀ ရာခိုင်နှုန်းအောက် ရောက် သည့် နှစ် ၅ နှစ်သာရှိခဲ့ပြီး ကျန်နှစ်များအားလုံး အောင်မြင်ဖြစ်ထွန်းမှု ၈၀ ရာခိုင်နှုန်း နှင့်အထက်ရှိသည့် မှတ်တမ်းကောင်းများ ရရှိပိုင်ဆိုင်ထားကြောင်းနှင့် ယင်းမှတ်တမ်း ကောင်းကို ဆက်လက်ထိန်းသိမ်းသွားကြရန် အလေးအနက်ထားမှာကြားလို ကြောင်း။

တပ်မတော် အနေဖြင့် နှစ်စဉ်ကျင်းပသည့် သစ်ပင်စိုက်ပွဲတော်များတွင် ဒေသ မျိုးရင်း အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန် သစ်မျိုးများ၊ အမြဲစိမ်း သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် ဒေသနှင့် ကိုက်ညီ သင့်လျော်ပြီး တန်ဖိုးရှိသည့် အပင်မျိုးစိတ်များကို စနစ်တကျရွေးချယ်ပြီး အစီအစဉ် တကျ စိုက်ပျိုးနေကြောင်း။

သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မည်

ထို့ကြောင့် မိမိတို့တပ်မတော်သားများမှအစပြု၍ မိမိတို့နိုင်ငံသားများအနေဖြင့် တစ်ဦးချင်းတစ်ယောက်ချင်းမှ အုပ်စုလိုက်၊ အဖွဲ့အစည်းလိုက်၊ ကျေးရွာလိုက်၊ မြို့နယ် လိုက် သစ်ပင်စိုက်ပျိုးထိန်းသိမ်းသည့် အလေ့အထရှိသူများဖြစ်လာမည်ဆိုပါက တစ်နိုင်ငံလုံးသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်လာနိုင်မည်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်လာ မည်ဆိုပါက မိမိတို့နိုင်ငံသားများအနေဖြင့်လည်း သာယာနေပျော်ဖွယ်ကောင်းသည့် သဘာဝပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို မလွဲမသွေပိုင်ဆိုင်လာကြမည်ဖြစ်ကြောင်း၊ ကောင်းမွန်မျှတသည့် ရာသီဥတုနှင့် လတ်ဆတ်သန့်စင်သည့် လေကောင်းလေသန့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရကြမည်ဖြစ်သဖြင့် ကျန်းမာကြံ့ခိုင်ပြီး လူ့သက်တမ်းစေ့ နေထိုင်နိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ်လည်း မလွဲမသွေရောက်ရှိလာကြ မည်ပင်ဖြစ်ကြောင်း။

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို သွယ်ဝိုက်သည့်နည်းလမ်း အသွယ်သွယ်ဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အပြင် တိုက်ရိုက် အကျိုးပြုခြင်း လည်း အမ)

0 9 ER 0.1963
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Agent ဖြစ်သူ

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏

နိဂုံးချုပ်မိန့်ခွန်း

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ သည်ဟိဂ်မြို့)

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၁။ မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေနဲ့ တရားရုံးရဲ့ရှေိ့မှောက်မှာ ၎င်းတို့ရဲ့လျှောက်လဲချက် အသီးသီးကို တာဝန်ကျေပွန်စွာနဲ့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ အမှုတွဲရောက်ရှိနေတဲ့အဆင့် ကတော့ တရားရုံးမှတရားစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုပိုင်ခွင့် ရှိ/မရှိနှင့် သက်ဆိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များသာဖြစ်ပြီးတော့ အဆိုပါကိစ္စများအပေါ်တွင်သာ မိမိတို့အနေနဲ့ အလေးထားလျှောက်လဲခဲ့ခြင်းဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပင်မအမှု(merits)နှင့် ဆိုင်တဲ့ အကြောင်းခြင်းရာများကို ရှောင်ရှား၍ လျှောက်လဲခဲ့တာဖြစ်ပါတယ်။

၂။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်က ရှေ့နေကြီးများကတော့ဖြင့် ကနဦးကန့်ကွက်လွှာ ကြားနာပွဲနဲ့သက်ဆိုင်ဆီလျှော်မှုမရှိတဲ့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆို မှုတွေပြုလုပ်လျှောက်လဲခဲ့တာကို တွေ့ရပါတယ်။ ထိုသို့သောလျှောက်လဲချက်များဟာ တရားရုံးတော် ဥပဒေအရ ယခုတရားရင်ဆိုင်မှုအဆင့်မှာ လျော်ကန်သင့်မြတ်နေခြင်း မရှိပါဘူး။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါစွပ်စွဲချက်များအပေါ် တုံ့ပြန်သွားရမည့် ကာလံဒေသံမဟုတ်တာကြောင့် တုံ့ပြန် ပြောဆိုသွားမှာ မဟုတ်ပါဘူး။ မိမိတို့အနေနဲ့ တရားရုံးတော်သို့ ဦးတည်ရည်ရွယ်၍ တင်ပြခြင်း မဟုတ်ဘဲ ယခု The Great Hall ခန်းမကြီးရဲ့ အပြင်ဘက်ဆီက ပရိသတ်များကို ရည်ရွယ်သည့် ရှင်းလင်းပြောကြားချက်များအားလျှောက်လဲ၍ တရားရုံးရုံးတော်ရဲ့ တန်ဖိုးရှိလှသောအချိန်ကို အဆုံးရှုံးခံစေမှာ မဟုတ်ပါဘူး။ မိမိနားလည်ထားတာကတော့ ထိုစွပ်စွဲချက်များကတော့ဖြင့် တရားရုံးအနေနဲ့ ပင်မအမှု(merits)ကို ဆက်လက်တရားစီရင်ပိုင်ခွင့်ရှိမရှိကို မဆုံးဖြတ်ရသေးမီ မြန်မာနိုင်ငံအား လူမျိုးသုဉ်းစေမှုကို ကျူးလွန်သူများအဖြစ် ဂုဏ်သရေရှိတရားသူကြီးများနှင့် အများပြည်သူတို့ ယူဆလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာဘက်က ရှေ့နေကြီးများဟာ တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order)ချမှတ်ခဲ့စဉ်က မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်ချက်တွေကို ငြင်းဆိုပြီးဖြစ်လို့ ခုမြန်မာအစိုးရကတင်သွင်းတဲ့ ကနဦးကန့်ကွက်ချက်များကို အလေးအနက်ထား စဉ်းစားနေရန်မလိုကြောင်း လျှောက်လဲခဲ့ပါတယ်။

၃။ ပထမဦးစွာ မိမိအနေနဲ့ လျှောက်လဲချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ တရားရုံးဆုံးဖြတ်ချက် အပိုဒ် (၈၅)အရ မိမိတို့ရပိုင်ခွင့်အား အသုံးချ၍ ကနဦးကန့်ကွက်လွှာ တင်သွင်းရခြင်းဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကနဦးကန့်ကွက်လွှာအဆင့်တွင် ပင်မအမှု(merits)နှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ပေ။ ပင်မအမှု(merits)ရဲ့ မည်သည့်အဆင့်တွင်မဆို ဂမ်ဘီယာ နိုင်ငံဟာ လျှောက်ထားသူအနေဖြင့် ၎င်းတို့၏ လျှောက်လဲချက်များကို သက်သေပြရမယ့် ဝတ္တရား ရှိပါတယ်။ သို့သော် ယခုအချိန်ဟာဆိုရင်ဖြင့် ယင်းဝတ္တရားကို ​ဆောင်ရွက်ရမယ့်အချိန်၊ ဆောင်ရွက်နိုင်သည့်အခြေအနေ မဟုတ်သေးပါဘူး။ အဘယ်ကြောင့်ဆိုသော် ယနေ့အချိန်အထိ ဂမ်ဘီယာ၏စွပ်စွဲချက်များကို တရားရုံးတော်ရှေ့မှောက်တွင် လက်ခံကြားနာနိုင်ခွင့် (သို့မဟုတ်) ၎င်းတို့၏စွပ်စွဲပြောဆိုချက်များကို သက်သေပြနိုင်ခွင့် မရှိသေးပါဘူး။ ထိုသို့သောအခြေအနေမျိုးမှာ ဂမ်ဘီယာအနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်ရန်မသင့်ပါဘူး။

၄။ သို့သော်လည်း ဂမ်ဘီယာဟာ ပင်မအမှု(merits)နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လျှောက်လဲ၍ ယခုကြားနာပွဲအား ကြားခံ(Platform)တစ်ခုအနေဖြင့် အသုံးချနေမှုအပေါ် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်(Agent)အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ တရားရုံးတော်၌ နှုတ်ဆိတ်နေနိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့နိဂုံးချုပ်မိန့်ခွန်းတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ မှန်များနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လိုက်နာရေး ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ၏ ကတိကဝတ်ပြု ဆောင်ရွက်နေမှုများကို အနည်းငယ်ရှင်းလင်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လေးစားလိုက်နာလျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ဥပမာအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဟာ လူမျိုးသုဉ်း ပြစ်မှုကျူးလွန်မှုများနှင့် ကျူးလွန်သူများကို အပြစ်ပေးနိုင်ရေး၊ တရားစီရင်နိုင်ရေးတို့အတွက် ပုဒ်မများ ဖြည့်စွက်ကာ ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအား ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ တာဝန်ယူမှုရှိတဲ့နိုင်ငံ တစ်ခုအနေဖြင့် တရားရုံးရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် (Provisional Measures Order) ကိုလည်း လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

၅။ မြေပြင်အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ဟာဆိုရင်ဖြင့် အထိုက်အလျောက် တည်ငြိမ်လျက်ရှိပြီး အကြမ်းဖက်မှုဖြစ်စဉ်များ ကြီးကြီးမားမားမရှိဘဲ ငြိမ်းချမ်းလျက်ရှိပါတယ်။

၆။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးတင်ပြချက် ဖတ်ကြားမှုကို နိဂုံးမချုပ်မီ ကျွန်တော့်အနေနဲ့ တင်ပြခဲ့ပြီးတဲ့ ချေပလျှောက်လဲချက်များအပေါ် တရားရုံးအနေနဲ့ ဂရုတစိုက် စိတ်ရှည်စွာ အာရုံစိုက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ယခုကြားနာပွဲကို ချောချောမောမောနဲ့ ထိရောက်စွာ ကျင်းပနိုင်ခဲ့တဲ့ မော်ကွန်းထိန်း (Registrar) နဲ့ ၎င်း၏ဝန်ထမ်းများအပါအဝင် ဘာသာပြန်ဆိုသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

၇။ တရားရုံး စည်းမျဉ်းများရဲ့ စာပိုဒ် ၂ ၊ ပုဒ်မ ၆၀ နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ နောက်ဆုံးတင်ပြချက်ကို ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

“မြန်မာနိုင်ငံ၏စာဖြင့်ပေးပို့ခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ကနဦးကန့်ကွက်လွှာ ဆိုင်ရာကြားနာပွဲတွင် တင်ပြခဲ့သည့် နှုတ်ဖြင့်လျှောက်လဲချက်များတွင်ပါရှိသော အကြောင်း ခြင်းရာများနှင့် တရားရုံးက သင့်လျော်သည်ဟုဆုံးဖြတ်သော အခြားသော အကြောင်းခြင်းရာ များကြောင့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးအား

(၁) ဂမ်ဘီယာနို&

2 20 ER 0.2907
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့သ မ္မတနိုင်ငံ ချုံချင့်မြို့မှ နေပြည်တော်သို့ပြန်လည်ရောက်ရှိ

နေပြည်တော် ဇွန် ၉

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၆ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ကျင်းပခဲ့သည့် အာဆီယံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး အထူးလေယာဉ်ဖြင့် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

3 1 ER 0.2816
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သန်လျင် မြို့ နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွဲမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့ နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်များ အတွင်း ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ရေဝင် ရောက်မှုများဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ယနေ့ နံနက်ပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လဲကျခဲ့သည့်သစ်ပင် သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် လမ်းများပေါ်၌ တင်ကျန်ခဲ့သည့် ရွှံ့နွံများ အား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး ရေဘေးသင့် ပြည်သူ များအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘိုကလေးကျေးရွာ၊ ကွမ်းမိုးဒိန်း ရပ်ကွက်နှင့် အမှတ်(၁၂) ရပ်ကွက်များတွင် ရေကြီး​၊ ရေလျှံမှုများ ဖြစ်ပေါ် ခဲ့သဖြင့် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များက ရေဘေး သင့်ပြည်သူများထံသို့ လိုအပ်သည့် လူသုံးကုန် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက် ပေးအပ် လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

0 0 ER 0.1403
အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း၊ ထီးတော် တင်လှူပူဇော်

နေပြည်တော်၊ ဇူလိုင် - ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင် လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် မင်္ဂလာကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ မြတောင် ကျောင်းတိုက် အဓိပတိမဟာနာယက သမ္မတစာချကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မြတောင် ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် အလှူရှင်များက အလှူငွေ များ ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝါသေဌာဘိဝံသ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းကြပြီး စေတီတော် အထွဋ်သို့ တင်လှူပူဇော်ကြသည်။

ဆက်လက်၍ သံဃာတော်များက မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီ တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိတ်သွန်းလောင်းတော်မူ ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

0 2 ER 0.1434
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေတွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ သူများနှင့် ဆက်စပ် သတင်းဖော်ထုတ်ချက်များအရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းနေသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ မေ -၂၈

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိ ရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးသင်တန်းပေးရန်၊ လက်နက်၊ ခဲယမ်းများ သယ်ဆောင်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေသို့ သင်တန်းသားများစေလွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၃ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်း၊ (၉)မိုင်၊ သီရိကွန်ဒို၊ အခန်းအမှတ်(B-508) အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေ တွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ထားသူ ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်၊ ၄၃ နှစ်၊ (ဘ) ဦးလှရွှေအား နိုင်ငံကူးလက်မှတ်စာအုပ်များ၊ ကွန်ပြူတာ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်၏ ထွက်ဆိုချက်အရ ရွှန်းစိမ့်စိမ့်၊ ၃၀ နှစ်၊ (ဘ)ဦးစောဝင်းအား လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်း၊ Royal Thukha ကွန်ဒို၊ အခန်းအမှတ်(၉၁၁)၌ မေ ၁၃ ရက် ညပိုင်းတွင် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း နယ်မြေတွင်ဖောက်ခွဲရေးသင်တန်းကို ကိုယ်တိုင်တက်ရောက်ခဲ့သူများ ဖြစ်သကဲ့သို့ အခြားသူများကိုလည်း သင်တန်းတက်ရောက်ရန် စေလွှတ်ခြင်းနှင့် တောင်ဒဂုံ မြို့နယ်၊ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းနိုင်၏ စေခိုင်းချက်အရ လက်နက်/ ခဲယမ်း ဝယ်ယူလိုသည့် ဦးသိန်းနိုင်၏ လူယုံဖြစ်သူ နေမျိုး(ခ) ချာလီအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနယ်မြေမှ လက်နက်၊ ခဲယမ်းများသယ်ယူနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ဆေးမေးမြန်းချက်များအရ သိရှိရသည်။

ငြိမ်းချမ်း(ခ) ခိုင်ကိုမွန်ထွက်ဆိုချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေတွင် သင်တန်းတက်ရောက်ခဲ့သူ အောင်သက်ပိုင်၊ ၂၈ နှစ်၊ (ဘ)ဦးမြင့်စိုး၊ သက်ဦး၊ ၃၇ နှစ်၊ (ဘ) ဦးကြည်ဌေးတို့ ၂ ဦးအား မေလ ၁၄ ရက်တွင် ရွှေပြည်သာ မြို့နယ်၌ လည်းကောင်း၊ ကျော်သူလေး၊ ၃၆ နှစ်၊ (ဘ) ဦးကံကောင်းအား ‌မေလ ၁၅ ရက်တွင် ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ ရဲထက်ထွန်း၊ ၃၀ နှစ်၊ (ဘ) ဦးတင်ကြိုင် အား မေလ ၁၆ ရက်တွင် ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ ရန်ကုန်မြို့အတွင်း လက်နက်/ ခဲယမ်းများသယ်ဆောင်ရန် စီစဉ်ခဲ့သူ နေမျိုး(ခ)ချာလီ၊ ၅၅ နှစ်၊ (ဘ) ဦးကြည်အား မေလ ၁၇ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်များအရ မေလ ၁၅ ရက် ညပိုင်းတွင် တာမွေမြို့နယ်၊ (က+ဂ)ရပ်ကွက်၊ အမှတ်(၁၆၃)လမ်း၊ တိုက်(၁၈)၊ အပေါ်ဆုံးလွှာရှိ ပပ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ပပအား ဖမ်းဆီးရမိခြင်းမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့သူများဖြစ်သည့် သိန်းစင်၊ ၂၁ နှစ်၊ (ဘ)ဦးအောင်ကျော်ဦး၊ စုမြတ်နိုး၊ ၂၄ နှစ်၊ (ဘ) ဦးဝင်းမြင့်၊ ခင်ပြုံးကျော်၊ ၂၃ နှစ်၊ (ဘ) ဦးမြင့်ကျော်နှင့် ခိုင်ခင်မိုး၊ ၂၆ နှစ်၊ (ဘ)ဦးဘိုမောင်တို့ ၄ ဦးအား အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိတရားခံ သိန်းစင်၏ ထွက်ဆိုချက်အရ ၎င်းသည် မေလ ၁၆ ရက် တွင် ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ကြောင်း သိရှိရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထံတွင် သင်တန်းတက်ရောက်ခဲ့သူ များဖြစ်ကြသည့် ပြည့်ဖြိုးနိုင်(ခ)မာဖီးယား၊ ၂၉ နှစ်၊ (ဘ)ဦးကြည်ဝင်း၊ ပြည့်စုံအောင် (ခ)ကပ်စပါ၊ ၂၀ နှစ်၊ (ဘ)ဦးကျော်ထူး၊ သက်ဖြိုးနောင်၊ ၂၆ နှစ်၊ (ဘ)ဦးသက်နိုင်၊ လူမင်း၊ ၁၇ နှစ်၊ (ဘ)မျိုးဇော်ဟိန်း၊ အိမြတ်သွယ်၊ ၂၃ နှစ်၊ (ဘ)ဦးသန်းလှိုင်ဦးတို့ ၅ ဦးအား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ မြသန္တာလမ်းရှိ ဧဝရတ်တည်းခိုခန်း၌ လည်းကောင်း၊ သူရကျော်စွာ(ခ)ညီညီဇော်၊ ၄၂ နှစ်၊ (ဘ)ဦးသိန်းအောင်အား ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)ရှိ သန်းကြွယ်လ္ဘက်ရည်ဆိုင်တွင်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ပြည့်ဖြိုးနိုင်(ခ)မာဖီးယား၏ ထွက်ဆိုချက်အရ ပြည့်စုံဖြိုး၊ ၁၉ နှစ်၊(ဘ) ဦးရဲလင်းကျော်အား မေလ ၁၇ ရက်တွင် ပဲခူးမြို့၊ ရပ်ကွက်(၂)၊ အေသင်စားသောက် ဆိုင်၌လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထံတွင် သင်တန်းတက်ရောက် ခဲ့သူများဖြစ်ကြသည့် သူရိန်ကိုကို၊ ၂၃ နှစ်၊ (ဘ)ဦးအောင်ကျော်စိုးနှင့် မြင့်ကိုဦး၊ ၂၃ နှစ်၊ (ဘ)ဦးမောင်အေးအား ပဲခူးမြို့၊ ကျွန်းသာရပ်ကွက်၊ အောင်ရတနာဘုန်းကြီးကျောင်း၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖမ်းဆီးရမိသူများဖြစ်သည့် ငြိမ်းချမ်းအပါအဝင် ၂၀ ဦးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား စေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၎င်းတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

4 5 ER 0.2590
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ မတ် - ၃၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် အလုပ်သဘောခရီးစဉ် အား သွားရောက်ရန်အတွက် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်လေဆိပ်မှ အထူး လေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သတင်းရရှိ သည်။

2 11 ER 0.1904
တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော်၊ မေ - ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင် ကုန်း)၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့် ရှင်းရေးဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက ကျောင်းဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင် အတွင်း၊အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

1 0 ER 0.2057
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

နေပြည်တော်၊ မတ်-၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း များကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၉)ဦးတွင် ဖြေဆိုသူ (၈၇)ဦး၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၄၁)ဦးတွင် ဖြေဆိုသူ (၄၉၆)ဦး၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန(၉)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၉၆၄)ဦးတွင် ဖြေဆိုသူ စုစုပေါင်း(၁၈၄၇)ဦး၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန(၅)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၁၂၀)ဦးတွင် ဖြေဆိုသူ စုစုပေါင်း(၂၀၀၀)ဦး၊ ဥတ္တရသီရိမြို့နယ် အတွင်းရှိ စာစစ်ဌာန (၆)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၆၉)ဦးတွင် ဖြေဆိုသူ စုစုပေါင်း(၉၉၉)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အလားတူ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာန (၂)ခုတွင်လည်းကောင်း၊ အခြေခံ ပညာအထက်တန်းကျောင်း(ခေါင်လန်ဖူးမြို့)တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ဘောလခဲ) တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ထားဝယ်မြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အခြေခံ ပညာ အထက်တန်းကျောင်းများနှင့် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ၌လည်းကောင်း၊ ရန်ကုန်မြို့ရှိ (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌လည်းကောင်း အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိပြီး အခြားမြို့နယ်များ ၌လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိ သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုပြီး ဧပြီ ၁ ရက် သောကြာနေ့တွင် အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့တွင် သချာင်္ဘာသာရပ်များကို ဖြေဆိုသွားမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ဧပြီ ၄ ရက် တနင်္လာနေ့တွင် ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့တွင် ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း ၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မတ် ၉ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနနှင့် စာဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၇၁) ခရိုင်၊ မြို့နယ်ပေါင်း(၃၂၁) မြို့နယ်၊ စာစစ်ဌာနပေါင်း(၁၂၅၆)ဌာနတို့တွင် စာရင်းသွင်းဦးရေ ကျောင်းတွင်း ဖြေဆိုမည့်သူ (၂၀၀၇၆၈) ဦးနှင့် အလွတ်ဖြေဆိုမည့်သူ (၁၁၁၅၃၁ ) ဦး၊ စုစုပေါင်း (၃၁၂၂၉၉ ) ဦး ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

1 2 ER 0.1439
(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေး ပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်

နေပြည်တော်၊ မတ် - ၂၃

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံ ပြည့်စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။

စစ်ရေးပြလေ့ကျင့်မှုတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလ စစ်ကြောင်းနှင့် မြဝတီစစ်ကြောင်းများပါဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီ သီချင်းများသီဆို၍ ညီညာစွာ ချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်အတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။

ထိုသို့ လေ့ကျင့်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ)အထူး စစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း) ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)ယန္တရားတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်းရရှိသည်။

0 6 ER 0.1546