Статистика ВК сообщества "Myanmar Daily News"

0+

Графики роста подписчиков

Лучшие посты

ကဲဒေါ်စုကတော့ ပြောပြီနော်
သူနဲ့ မဆိုင်ဘူးတဲ့ လက်မခံဘူးတဲ့

ဒါဆို ဇော်ဝေစိုးတိုက ဒေါ်စုစကားတောင် နားမထောင်ဘူးပေါ့

2 16 ER 0.3817
မြန်မာနိုင်ငံနှင့် ပတ်သတ်ပြီး ရုရှားသမ္မတက အခုလိုပြောကြားလိုက်ပါတယ်

4 0 ER 0.2423
DSA စတက်မယ်ဆိုရင် ဝင်ခွင့်စာမေးပွဲ၊ လူတွေ့စာမေးပွဲတွေ ဖြေဆိုရပါတယ်။ ဝင်ခွင့်ကတော့ ဆယ်တန်းတုန်းက စာတွေ ပြန်ဖြေရပါတယ်။ အကုန်တော့ မဟုတ်ပါဘူး။ အင်္ဂလိပ်စာနဲ့ သင်္ချာပါ။ ဆယ်တန်းတုန်းက ခိုးကူးအောင်ခဲ့တဲ့သူတွေ ပေါချောင်ကောင်းသူတွေ မပါအောင် ကနဦး ဇကာစစ်ရွေးထုတ်ပါတယ်။ အဲ့ကမှ အောင်မြင်သူတွေ OTT ဝင် Testing တွေလုပ်ပြီး နောက်ဆုံး ဇကာတင်တွေ DSA ကို တက်ပါတယ်။ နောက်ဆုံးဇကာတင်ဆိုလို အကုန် ကျန်မယ်တော့မထင်ပါနဲ့။ Under Training မှာ အရပ်သားကနေ စစ်သား အကူးအပြောင်း တပ်သားသစ် သင်တန်း သင်ခန်းစာတွေ သင်တဲ့အချိန်မှာ မလုပ်နိုင်တော့ပါဘူးဆိုပြီး လက်ထောင် သတင်းပိုပြီး အိမ်ပြန်ခွင့်ပြုပါဆိုလို ပြန်လွှတ်လိုက်ရတဲ့သူတွေရှိသလို ဆေးစစ်တဲ့အခါမှာ အရာရှိတွေဖြစ်နိုင်မယ့် ဆေးစစ်ချက် မအောင်မြင်ရင်လဲ ပြန်ရပါသေးတယ်။ အဲ့ဒီကမှ Under Training ကာလ လွန်မြောက်ပြီး အပေါ်တပ်ရင်းဆိုတဲ့ စီနီယာဂ ျူနီယာ System စတင်ထိတွေ့ပါတယ်။ (ခုခေတ် DSA ဗိုလ်လောင်းဘဝနဲ့တော့ အနည်းငယ် ကွဲလွဲနိုင်ပါတယ်၊ ဆယ်စုနှစ်တစ်ခုကြာပြီးနောက်မှာ အောက်တပ်ရင်းဆိုပြီး Under Training ကာလက စီနီယာဂျူနီယာ အဆောင်တူတူနေကြရပါတယ်။)
အပြင်ကသူတွေ ပြောတဲ့ Brain Wash ဆိုတာ အဲ့မှာစပါတယ်။ သူတိုကြားဖူးနားဝ Brain Wash နဲ့ ကျွန်တော်တို ဖြစ်တာနဲ့က လားလားမှ မဆိုင်ပါ။ ကျွန်တော်တို တက်တုန်းက အောက်တပ်ရင်းမှာ ရဲဘော်လိုကျင် ့ ရဲဘော်လိုစား ရဲဘော်လိုထားပါတယ်။ အဲ့ကမှ Under Training ပြီးဆုံးတဲ့အခါ အပေါ်ဆောင်ခေါ်တဲ့ ဗိုလ်လောင်းဆောင်တွေ ပိုပါတယ်။ အဲ့ဒီညမှာ DSA Fresher Welcome ခေါ်တဲ့ Brain Wash စပါတယ်။ မီးရောင်စုံတွေကြားက Disco Lightingမဟုတ်ပေမယ့် ဟောခန်းထဲက မီးတွေကို တောက် တဲ့ တောက် တဲ့ နဲ့ မှိတ်လိုက်ဖွင့်လိုက်လုပ်၊ တာဝန်ကျဗိုလ်လောင်းတွေကမိတ်ဆက်၊ ပြီး မီးက တောက် တဲ့ တောက် တဲ့နဲ့ ဖွင့်လိုက်ပိတ်လိုက်နဲ့ အဆောင်မှာ ရှိသမျှ စီနီယာအကုန်ဆင်းလာပြီး မင်းဘယ်သူလဲ နာမည်ဘယ်လိုခေါ်လဲ အော်ဟစ်မေးပြီး ဖားခုန် ခုန်လိုက် လေထီးခုန် ခုန်လိုက် ဂျွမ်းထိုးခိုင်းလိုက် လက်ထောက်မှောက်ချခိုင်းလိုက် ဆောင်ရွက်ပါတယ်။ မောလိုက်ပြီ ဆိုတဲ့အချိန်မှာ တန်းထဆိုပြပီး စီနီယာတစ်ယောက် က မိတ်ဆက်လိုက် သူမိတ်ဆက်ပြီးတာနဲ့ မီးက ပြန်မှိတ်လိုက်ဖွင့်လိုက်နဲ့ ကိုယ့်ကို ဟိုလူခေါ်လိုက် ဒီလူခေါ်လိုက် လျှောက်အော်မေးလိုက်၊ သတိကပ်အောင်ဆွဲထား ကြားလား ဖားခုန်အနေအထားအသင့် ခုန် အမှတ်စဥ်မဆိုဘူးလား ဘာလား ညာလားနဲ့ လူ ၁၀၀ကေျာ်လောက်ရှိတဲ့ အခန်းထဲမှာ ၁၀၀ ကျော်ရဲ့ အော်သံက ဆူညံပွက်လောရိုက်ပြီး ဘာကိုမှ မသိတော့သလိုဖြစ်နေတာပါပဲ။ ဒီကြားထဲ ရယ်ချင်စရာကောင်းတာက တစ်ချို ဉာဏ်ကောင်းတဲ့ကောင်တွေ က စီနီယာခေါ်တာမစောင့်ဘဲ ကိုယ့်ဘာသာကိုယ် ဖားခုန် ထိုင်ခုန်လျှောက်အော်နေတော့တာပါပဲ။ အနည်းငယ် သက်သာတယ်ဆိုရမှာပေါ့။ ဒါမျိုး ၃နာရီလောက် ဆင်နွှအပြီးမှ Brain Wash က ပြီးပါတယ်။ အဲ့တော့မှ ဂါဒီယမ်ဆိုတဲ့ စီနီယာတွေက ခေါ်ထုတ်ပြီး သူတိုအခန်းမှာ ရေတိုက် အအေးတိုက် မုန့်ကျွေးဆောင်ရွက်ပြီး မိတ်ဆက်တာတွေ ဘာတွေ လုပ်ပါတယ်။ အဲ့နေ့ညက တကယ် ရူးချင်သလိုကြောင်ချင်သလို ငိုချင်သလို ဖြစ်သွားတာတော့ အကုန်လုံးနီးပါးပါပဲ။
ဒါကို ကျွန်တော်တိုက Brain Wash လိုခေါ်ပါတယ်။ အရပ်သားစိတ် ကိုဖျောက် စစ်သားစိတ်ပေါက် ဗိုလ်လောင်းစိတ်ပေါက်အောင် ပြီးတော့ တောတွေးတောင်တွေးလျှောက်မတွေးနိုင်အောင် လုပ်ငန်းတစ်ခုကို ပဲ အာရုံစိုက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကို အပြင်လူတွေ တစ်စွန်းတစ်စ ကြားတဲ့အချိန်မှာ ရုပ်ရှင်တွေထဲကလို နဖူးကို ဝါယာကြိုးကပ် ရှော့တိုက်ပြီး စစ်တပ်ဆိုတာ ဘလာဘလာ ဒေါ်အောင်ဆန်းစုကြည် ဘလာဘလာ တိုင်းရင်းသားဆိုတာ ဘလာဘလာနဲ့ အရူးပုံသွင်းတယ်များ ထင်နေကြတယ်ထင်ပါတယ်။
ပြီးတော့ စာသင်ကြားမှု... ကျွန်တော်တို စစ်တက္ကသိုလ်မှာ လေ့ကျင့်ရေးဌာနနဲ့ စာပေဌာန နှစ်ခုရဲ့ သင်ရိုးတွေကြားမှာ စာသင်ကြား လေ့ကျင့်မှုတွေ လုပ်ရပါတယ်။ မနက်အစော ၅နာရီ အိပ်ယာထချိန်ကနေ ည ၁၀နါရီ မီးပိတ်ချိန်ထိ ပထမနှစ်ဆို အချိန်ပို မရှိအောင်ထားပါတယ်။ အိမ်လွမ်းချိန်တောင် မရှိပါဘူး။ ရံဖန်ရံခါတော့ အိပ်ချိန်တွေမှာ ခြင်ထောင်ထဲ ေစာင်လေးပိုက်ပြီး ခွင့်ပြန်မယ့်ရက်ကိုတွေး အိမ်ကိုတော့ လွမ်းရတာပေါ့။ အိမ်လွမ်းတာနဲ့ စိတ်ဓာတ်ပျက်လို အိမ်ကိုတောင် မလွမ်းမိရဲပါဘူး။ မနက်ဖြန် ဘာ ဆိုတာတွေးပြီး အိပ်ယာဝင်ခဲ့တာတွေက ပိုများခဲ့မယ် ထင်ပါရဲ့။ စာပေဌာနအနေနဲ့လည်း အရပ်ဖက်တက္ကသိုလ်များရဲ့ တက္ကသိုလ်သင်ရိုးများအတိုင်း သင်ကြားပါတယ်။
Final Year မှာတော့ Additional Subject ဆိုတဲ့ တစ်ပတ်တစ်ခါဝင်ဖရတဲ့ ဘာသာရပ်ရှိပါတယ်။အထွေထွေ ဗဟုသုတတွေအတွက်ရယ်၊ အခြား Minor Subject တွေအတွက် သင်တဲ့ သင်ခန်းစာချိန်ပါ။ စစ်တက္ကသိုလ်မှာ အထူးတလည် သင်တာကတော့ ချီတိုက်ခံခွာ သဘောတရားတွေ၊ အခြား စစ်နည်းဗျူဟာတွေနဲ့ ခေါင်း ဆောင်မှု ဘာသာရပ်ပါပဲ။ နောက်တစ်ခုက ယုံကြည်ချက် ခံယူချက်ပေါ့။ တစ်ဖက်ကမြင် လက်ဖဝါး တစ်ဖက်ကမြင် လက်ဖမိုးဆိုတဲ့ စကားအတိုင်း တပ်မတော် သမိုင်းတွေပြန်လေ့လာရင် မြန်မာ့နိုင်ငံရေးဟာ တပ်မတော်နဲ့ မစိမ်းပါဘူး။ အကြိမ်ကြိမ်ပြောဖူးသလိုပဲ တပ်မတော်က ဗီလိန်ဆန်ခဲ့ရတာတွေရှိတယ်၊ ဘယ်သူ့ကြောင့်လဲဆိုတော့ ပါတီနိုင်ငံရေးသမားတွေ ကြောင့်ပဲ၊ ကို နိုင်ငံရေးအာဏာရလိုမှုအတွက် ဖြစ်တည်ရမည့် တည်ငြိမ်မှုတစ်ခုကို မတည်မငြိမ်ဖြစ်အောင်လုပ်ခဲ့ကြတာတွေ သမိုင်းမှာ သက်သေ အထောက်အထားနဲ့ အများကြီးပါပဲ။ မဆလခေတ်တွေ ကျွန်တော် မမွေးသေးလို အကျယ်မချဲ့တော့ပါဘူး။ စစ်အစိုးရခေတ်ပဲ ပြန်သွားရအောင်။
ကျွန်တော် တိုက စစ်အစိုးရခေတ်ရဲ့ Generation ပါ။ ၁၉၉၀ မှာ မွေးပါတယ်။ ၂၀၁၁ မှာ ဒီမိုကရေစီရတော့ နှစ် ၂၀ တိတိ စစ်အစိုးရခေတ်မှာ ကြီးပြင်းလာခဲ့ရတာပါ။ စစ်အစိုးရ ကောင်းသည် ဆိုးသည် ထိုနှစ်မြည်မှာ နှစ်မျိုးလုံးပါပဲ။ ကောင်းခဲ့တာတွေရှိတယ်၊ ဆိုးခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ရရင် အာဏာသိမ်းတာ မှန်ခဲ့တယ်။ ပြောနေကြတဲ့ လက်နှစ်လုံးအလိုတွေ တစ်လုံးအလိုတွေဆိုတာ အဲ့ခေတ်က လူတွေ ပိုသိပါတယ်။ မှားခဲ့တာဘာလဲဆိုတော့ အာဏာကို ထိန်းသိမ်းတာ နှစ်ရှည်သွားတာပါပဲ။ တစ်ဖက်ကပြန်ကြည့်ပြန်ရင်လဲ တိုင်း ပြည် ကို ဝကွပ် ထိုးအပ်ဖို စိတ်ချရတဲ့ ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး။ ဒါ့အပြင် အကျိူးကြောင့် အကြောင်း၊ အကြောင်းကြောင့် အကျိုးဆိုသလို အာဏာရှင် စနစ်ဘာလို နှစ်ကြာခဲ့သလဲဆိုတာ နိုင်ငံရေးသမားတွေရဲ့လုပ်ဆောင်ချက်တွေ၊ တပ်မတော်က အာဏာရှင်ဆိုသူတွေရဲ့ လုပ်ဆောင်ချက်တွေ ချိန်ထိုးကြည့်ရင် အမှန်တရားတွေမြင်နိုင်ပါတယ်။ တပ်ကစာ ဖတ်ပြီး တပ်အမှန်၊ နိုင်ငံရေးသမားစာဖတ်ပြီး နိုင်ငံရေးသမားအ&#

0 12 ER 0.3126
ချင်းပြည်နယ်၊ ဖလမ်းမြိုနယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို ပြည်သူ့ဆေးရုံသို လွှပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲက လူနာတင်ယာဉ်အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင် (ဒီဇင်ဘာ ၁၅)

0 10 ER 0.2635
ဗုံးလုပ်နေသော အကြမ်းဖက်သမားအိမ် ပေါက်ကွဲ
*

မနေ့ညက ၈း၀၅ ချိန်
အုန်းကနဲ ပေါက်ကွဲ...
ရွှေပြည်သာမြိုနယ် ၁၃ ရပ်ကွက် စစ်ကိုင်းလမ်း
ကျူ ချောင်ဘုန်းကြီးကျောင်းနောက်
သက်ဆိုင်သူတရားခံဖမ်းမိ ဒါဏ်ရာရ ၂ ဦး ( မစိုးရိမ်ရ )

ဆင်ပြီး အပြင်ထွက်ထိုင်တုန်းကွဲခြင်းဖြစ်သည်နောက်ထပ်ဗုံးတွေပါ ထပ်မိ...

0 0 ER 0.0764
Breaking News
============
မနေ့က KNUကကောင်တွေ ကျောက်ညှပ်စခန်းကို ၀င်တိုက်တယ်

တပ်က အခြေအနေကြည့်ပြီး စခန်းကနေ ဆုတ်ပေးလိုက်တယ်

ဒါကို KNUကကောင်တွေက စခန်းသိမ်းနိုင်တယ်ဆိုပြီး အောင်ပွဲခံနေလေရဲ့

အောင်ပွဲခံတဲ့အထဲမှာ KNUက ဒုတပ်မမှူး အဆင့်ရှိတဲ့ စောနေတိုးဆိုတဲ့ကောင်က သူတိုစခန်းကုန်ကိုသိမ်းနိုင်ပြီဆိုပြီးကြွားလုံးထုတ်ဖို အတွက် စခန်းပေါ်မှာSefile ကောက်ဆွဲတယ်

စောနေတိုး Sefile ဆွဲနေချိန်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ တပ်မတော်ရဲ့ တိုက်လေယာဉ် တစ်စီးက အစာကောက်သွားလိုက်တာ

စောနေတိုးအပါအ၀င် KNU ၂၃ကောင် မသာပေါ်သွား

သတင်း100% မှန်ကန်မှုရှိ

နောက်ဆက်တွဲ သတင်းကောင်းတွေရှိသေးတယ်

0 1 ER 0.0679
ယနေ့လေးကေ့ကော်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံဝေဂရစရာလေး တစ်ခုတွေ့လာတယ် …. လေးကေ့ကော်ဆိုတာလည်း ထွေထွေထူးထူးပြောစရာမလိုတဲ့ မြိုသစ်လေး ….. မြိုဆိုတာထက် ရွာကြီးဆိုပါတော့ဗျာ ….. သူ့ဘာသူ အေးချမ်းနေတဲ့ နေရာလေးဟာ အခုတော့ စစ်မြေပြင်အလား …. ဒီအကြောင်းအချက်ကို တိုက်ဆိုင် တွေးကြည့်တော့ PDF ဆိုတဲ့ အကြောင်းက ထိပ်ဆုံးကပဲ …. ဘာ့ကြောင့်လဲဆိုတော့ တိုင်းပြည်အေးချမ်းဖိုကို ဖျက်ဆီးနေတဲ့ ဒီအကြမ်းဖက်အဖွဲတွေကို ခိုအောင်းခွင့် ပေးထားလိုပဲ….. ဒီကောင်တွေရှိလို ရွာနာတယ် … ဒီကောင်တွေကြောင့် အေးချမ်းမှု ပျက်ဆီးတယ် … ဒါ့ကြောင့် တပ်က ဒီအကြမ်းဖက်သမားတွေနဲ့ ပါဝင်သူတွေကို ၁၄ ရက်နေ့က ဖမ်းဆီးလိုက်တယ် … ဒါကို ရွာက လူကြီးပိုင်းကလည်း ခွင့်ပြုတယ် … ခွင့်ပြုမှာပေါ့ ဒီကောင်တွေကြောင့် သူတို ရွာလေးနာမှာ စိုးတာကို … ဒါကို အကြောင်းပြပြီး မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးကို ဗန်းပြ ခွဲထွက်ပြီး စီးပွားရေးလုပ်ချင်နေတဲ့ KNLA သွေးထိုးပေးလိုက်တယ် … သူတိုနဲ့ အတူတူ NUG ဆိုတဲ့ ပြည်ပြေးအဖွဲကလည်း သွေးထိုးတယ် …. သွေးထိုးလှုဆော်မှုနဲ့ အတူ ဒီနေ့ တိုက်ပွဲတွေ ဖန်တီးလိုက်တယ် …. အကြောင်းကတော့ တိုက်ပွဲကို ဗန်းပြပြီး ဒေသခံတွေကို စတေး….. နိုင်ငံခြားအထောက်အပံ့ရဖို ဖန်တီးလိုက်တာပဲ ….. ဒါတွေနဲ့အတူ အနောက်မျှော် မီဒီယာတွေကလည်း သတင်းတွေ ဘုံးဘောလအော တင်လာတယ် … အကြောင်းကတော့ သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ သူတိုအတွက်က မက်စရာလေ …. ဟုတ်တာမဟုတ်တာ အပါထား ထင်ရာမြင်ရာ တင်ပြီး လူပိန်းကြိုက်ကို ရေးတော့တာပဲ … လတ်တလောမှာလည်း သတင်းမှန်ထက် ဦးတဲ့သတင်းက အမှန်ထင်နေတာကိုး …….. ဒါ့အပြင် ပဒိုမန်းမန်းကလည်း BGF တွေ သူတိုနဲ့ ပူးပေါင်းဖို အတွက် ပြောထားတဲ့ အင်တာဗျူးလေးကလည်း အသက်ဗျ ….. BGF တွေ သူတိုနဲ့ ပူးပေါင်းမှာပါ ကရင်လူမျိုး အချင်းချင်း တိုက်ပွဲဖြစ်မှာ မဟုတ်ပါဘူးဆိုတာကို တွင်တွင်အော်နေတယ် …. ဒါကို ကြည့်ခြင်းအားဖြင့် ဒီနေ့ လေးကေ့ကော်မှာ သူတိုအဖွဲ တော်တော် အထိနာနေတယ်ဆိုတာ သိသာလာတယ်… နောက်တစ်ချက်ရှိသေးသဗျ ဧရာဝတီက တက်လာတဲ့ သတင်းလေး တပ်ကလူတွေက KNLA အဖွဲတွေကို ပြန်ထွက်ခွင့်ပြုဖို တောင်းဆိုသတဲ့ ….. မနေ့ တစ်နေ့ကမှ သေနတ်ထကိုင်တဲ့ ကောင်တွေမှ မဟုတ်တာဗျာ …. လေးကေ့ကော်ထဲကို အစီအစဉ်မရှိဘဲ ဝင်လာတယ်လိုများ ထင်လေသလား …. ဒီသတင်းနဲ့ ပဒိုမန်းမန်းပြောနေတဲ့ အချက်ကို နှိင်းကြည့်မယ်ဆိုရင် …. သေချာပြီ သူတို ကြောက်နေပြီ … ဒီလိုပြောလို အဆင်မပြေရင် သူတို ဘာလုပ်မယ်ထင်သတုန်း ဘယ်နိုင်ငံက ဘယ်သူကြီးကတော့ လေးကေ့ကော် အတွက် စိုးရိမ်ပူပန်တယ် …. ဘယ်သံရုံးက ဘယ်လို ထုတ်ပြန်တယ်ဆိုတာတွေ တက်လာလိမ့်မယ် ….. အားလုံးကို ခြုံလိုက်တော့ ရွာနာမှာ စိုးလို PDF အကြမ်းဖက်တွေကို လက်မခံချင်တာ မှန်တယ်ဆိုတာ လေးကေ့ကော်က သက်သေပါပဲ …. အကြမ်းဖက်သမားတွေကြောင့် ရွာလေး အထိနာတယ် ….. ဒေသခံတွေနေရာပျောက်တယ် … တော်လှန်ရေးလို အမည်ခံပြီး ပိုက်ဆံရှာတဲ့ ကောင်တွေကတော့ တကယ်တမ်းမတိုက်ဘဲ ပြေးကြလေတယ် ….. ဒီကြားထဲမှာ အမြတ် ထွက်တာတော့ မီဒီယာတွေပဲ ……..

0 4 ER 0.1000
( ၂၉ ဧပြီ ၂၀၂၂ )နေ့လည် KNUသူပုန်စခန်းမှထွက်ပြေးစဉ် ပြန်ဖမ်းမိသည့် မြန်မာလူငယ်အကြမ်းဖက်"PDF"(၈)ယောက်ကို
KNUမှ ယနေ့ သေဒဏ်စီရင်မည်ဖြစ်ကြောင်းသိရ

0 2 ER 0.0764
နားမယောင်လေနဲ့…

မြန်မာပြည်မှာ လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလားလို့ စာရေးသူကို မေးရင်တော့ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာရယ်လို့ပဲ ဆိုရမယ်ဗျ။ ဉာဏ်ပညာနဲ့ယှဉ်ပြီး အသုံးမပြုတတ်တော့ ကောင်းကျိုးကနည်းနည်း ဆိုးကျိုးက ပိုများနေသလား လို့ပါ။

သေသေချာချာ စေ့ငုလေ့လာကြည့်ရင် မြန်မာအများစုဟာ တစ်နေ့တစ်နေ့ လူမှုကွန်ရက်ပေါ်မှာပဲ အချိန်ကုန်နေကြတာကို တွေ့မြင်ရပါလိမ့်မယ်။ လူအများစုရဲ့ စိတ်ခံစားချက်များ ဖွင့်ထုတ်ရာ ပလက်ဖောင်းတစ်ခုလည်း ဖြစ်လာတယ်။ သူတို့ကမ္ဘာ သူတို့ဘဝလို့ လည်း ထင်မှတ်လာကြတယ်။ အပေါင်းအသင်းအချင်းချင်း မကျေနပ်ရင် လူမှုကွန်ရက်ပေါ်တက်ရေးကြတယ်။ ရုံးမှာ မကျေနပ်တာတွေ့ရင်လည်း လူမှုကွန်ရက်ပေါ် တက်ရေးကြတယ်။ အချို့က ကိုယ်နဲ့သိသိ ၊ မသိသိ၊ ကိုယ့်ထက်ဂုဏ်အားဖြင့် အသက်အားဖြင့် ကြီးကြီး၊ မကြီးကြီး တွေ့ကရာ မှတ်ချက်တွေ ဝင်ရေးကြတယ်။ နောက်ပိုင်းကာလတွေမှာ သတင်းအမှားတွေ၊ သတင်းအတုတွေ၊ အမုန်းစကားတွေ၊ မကြားဝံ့မနာသာ ဆဲဆိုတာတွေ ဖြစ်လာတဲ့အထိ စည်းကမ်းမဲ့လာကြတယ်။ အသိတရားတွေ၊ ကျင့်ဝတ်သိက္ခာတွေ မဲ့လာကြတယ်။

ဒလန်အဖြစ် ဝိုင်းပြီးပုံဖော်
အာဏာရပါတီရဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာထိန်းပြီးနောက်ပိုင်းမှာတော့ ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်ဟာ နိုင်ငံရေး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့တယ်။ အကြမ်းဖက်အုပ်စုများနဲ့ ဝန်းရံထောက်ခံသူအများစု ဟု လူမှုကွန်ရက်စာမျက်နှာပေါ်ကတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဒလန်လို့ စွပ်စွဲမှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆက်တိုက်ပုံဖော်ရေးသားထုတ်ပြန် လာခဲ့ကြတယ်။ အပြစ်မဲ့ ပြည်သူတစ်ဦးကိုလုပ်ကြံသတ်ဖြတ်တဲ့ သတင်းဓာတ်ပုံတွေအောက်မှာ ပြည်သူအရေခြုံ ထားကြတဲ့ ဝန်းရံထောက်ခံသူများဟာ အားရဝမ်းသာထောက်ခံတဲ့ မှတ်ချက် ပေါင်းများစွာ ဝင်ရေးသားလာကြတယ်။ သူတို့ အကြမ်းဖက်လုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်အဖြစ် ဝါဒဖြန့်တဲ့အနေနဲ့ လုပ်ကြံသတ်ဖြတ်ခံရသူတွေကိုဒလန်အဖြစ် ဝိုင်းပြီးပုံဖော်ခဲ့ကြတယ်။

အကြမ်းဖက်သမားများဟာ လူအများအသုံးပြုရာ ဖေ့စ်ဘွတ်ပေါ်မှာ မဟုတ်မမှန်တဲ့သတင်းတွေ၊ ကြေညာချက်တွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ အမုန်းစကားတွေ၊ တစ်ဖက်သတ်ဝါဒဖြန့်ချိမှုတွေကို ပုံအော အသုံးပြုလာတဲ့အတွက်ကြောင့် ရိုးသားတဲ့ ပြည်သူအများစုဟာ စိုးရိမ်ထိတ်လန့် ဖြစ်လာခဲ့ကြရ တယ်။

ကမ္ဘာကို ဝါဒဖြန့်ချိ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကိုလည်း အကြမ်းဖက်အုပ်စုက အသံတိတ်သပိတ် (Silent Strike Day)အဖြစ်သတ်မှတ်ပြီး ဖေ့စ်ဘွတ် အပါအဝင် လူမှုကွန်ရက်ပေါ်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်ခဲ့မှုများ ကြောင့် ပြည်သူအချို့ဟာ စိုးရိမ်တကြီးနဲ့ ဈေးဆိုင်တွေ ပိတ်ခဲ့ကြ၊ အရေးအကြောင်းကိစ္စမရှိရင် အိမ်ထဲက အိမ်အပြင်ကို မထွက်ဝံ့ကြနဲ့ ဖြစ်ခဲ့ကြတယ်။ အကြမ်းဖက်အုပ်စုနဲ့ ဝန်းရံသူများရဲ့ ရည်ရွယ်ချက်က ပြည်သူတွေဟာ သူတို့ကိုထောက်ခံတယ်၊ လက်ရှိအစိုးရကို မထောက် ခံကြဘူးဆိုတဲ့ လိုရာကောက်ချက်ဆွဲပြီး ကမ္ဘာကို ဝါဒဖြန့်ချိကြဖို့ပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်အရ အသံတိတ်သပိတ်ကို ထောက်ခံသူအချို့ ရှိကောင်းရှိနိုင်ပေမယ့် အများစုကတော့ အကြောက်တရားများကြောင့်ပါ။ အသံတိတ်သပိတ်အဖြစ် သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ ၁၀ ရက် မတိုင်ခင် လဆန်းပိုင်းကတည်းက (၇၃)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ ချိန်ကိုက်ပြီး အကြမ်းဖက်အုပ်စုဟာ လူမှုကွန်ရက်ကနေ အကြိမ်ကြိမ် အခါတော်ပေးခဲ့ကြပါတယ်။

အကြောက်တရားကြောင့် အပြင်ကိုမထွက်ဝံ့
တစ်ဖက်ကလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြင်ထွက်တဲ့လူတွေကို ဒလန်လို့ သတ်မှတ်မယ်လို့ တင်ကူးခြိမ်းခြောက်ထားကြတယ်။ ရှေ့မှာလည်း အပြစ်မဲ့ပြည်သူအချို့ကို ဒလန်လို့စွပ်စွဲပြီး လက်ရဲဇက်ရဲ သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တွေ့မြင်ကြားသိခဲ့ကြတဲ့ ပြည်သူအချို့ ဟု အကြောက်တရားကြောင့် အကြောင်းမရှိဘဲ အပြင်ကို မထွက်ဝံ့ဖြစ်ကြရတယ်။ အခြားတစ်ဖက်မှာ လည်း သူ့လူကိုယ့်ဘက်သားအဖြစ် “တို့တက္ကစီသမားတွေ၊ ဘတ်စ်ကားလိုင်း တွေကလည်း အသံတိတ်သပိတ်ဆင်နွှဲကြမယ်” ဆိုပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက် အောင်လုပ်ခဲ့ကြတယ်။

တကယ်တမ်းဆိုရရင် ဘာအလုပ်ကိုပဲလုပ်ဆောင်လုပ်ဆောင် သဘာဝကျဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူအများစုဟာ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ စီးပွားရေး အဆင်မပြေမှုတွေ စတဲ့အခက်အခဲများကြားထဲမှာ ရုန်းကန်နေရဆဲ ကာလဖြစ်ပါတယ်။ ငွေကြေးချမ်းသာကြွယ်ဝသူ အများစုကတော့ တစ်လကိုးသီတင်း အပြင်မထွက်ရလို့လည်း ဘာမျှမဖြစ်ပါဘူး။ စီးတီးမတ်တွေ၊ ဂျန်းရှင်းတွေမှာ သွားကြည့်လိုက်ပါ။ စားကုန် သောက် ကုန်ကအစ ကုန်ပစ္စည်းအမယ်မယ်ကို တတ်နိုင်တဲ့သူတွေက တစ်ခါဝယ်သိန်းနဲ့ချီပြီး ဝယ်ယူစုဆောင်းလေ့ရှိ ပါတယ်။

မရှိဆင်းရဲသားအများစုကတော့တစ်နေ့လုပ်မှတစ်နေ့စားကြရတဲ့ဘဝပါ။ အသံတိတ်သပိတ် လုပ်ဖို့ ဖေ့စ်ဘွတ်ပေါ်ကနေကြိုတင်ညှိုးထိုး လှုံ့ဆော်မှုတွေ စတင်ကတည်းက လက်လုပ် လက်စား ဈေးသည်အချို့ဟာ ညည်းကြရှာပါတယ်။ ဈေးဗန်းလေးခင်းပြီး ငါးပိရည်ကျိုနဲ့ ငရုတ်သီးမှုန့်ရောင်းတဲ့ အဒေါ်ကြီးက “မနက်ဖြန်လည်း ဆိုင်ပိတ်ရဦး မယ်” လို့ ညည်းရှာပါတယ်။ သူ့ခမျာ မျက်နှာမကောင်းရှာပေမယ့် ဒီထက်လည်း ပိုမပြောရဲရှာပါဘူး။ လက်လုပ်လက်စားလူအများစုဟာ ဒီအတိုင်းပါပဲ။ ဆိုက်ကားသမားလည်း ဆိုက်ကားသမား အလျောက်၊ ကားသမားလည်း ကားသမား အလျောက်ပါ။ အရဲစွန့် ထွက်ပြန်ရင်လည်း သူလျှို၊ ဒလန်လို့စွပ်စွဲပြီး အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်ခံရမှာကို သူတို့ စိုးရိမ်ထိတ်လန့်ကြပါတယ်။

ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်နည်းပညာဟာ ယခင်က လူအများစုရဲ့ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးထားရာကနေ ယခုဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ် ပေးလာတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လို့လာပါပြီ။ ပြီးခဲ့တဲ့ မြန်မာပလာဇာ ဖြစ်စဉ်မှာလည်း ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်ကတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ် ရင်းနှီးမြှုပ်နှံမှုဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေခဲ့ရပါပြီ။

မြန်မာနိုင်ငံသားအများစုဟာ ဒီမိုကရေစီစနစ်ကို အူလိုက် သည်းလိုက်ချစ်မြတ်နိုးကြပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝ ၊ လုပ်ထုံးလုပ်နည်းများနဲ့ ယခုအထိ မယဉ်ပါးကြသေးပါဘူး။ ဖေ့စ်ဘွတ် ပေါ်ကနေ တက္ကစီသမားတစ်ဦးက “တို့တက္ကစီတွေလည်း မြန်မ

0 0 ER 0.0454
အလုပ်မှာ အမှတ်မထင် ကြားလိုက်ရတဲ့ အဖြစ်ပျက်လေး .....
ကောင်လေး တစ်ယောက် သူ့အမေနဲ့ ဖုန်းဆက်ပြီး မှာနေတယ် .....
သူတို မိသားစုလေးက ချိုတဲ့ပါတယ် သူမိဘတွေမှာ အမေက ရှာပြီး အဖေက နာမကျန်းဖြစ်နေတယ်လို သိရတယ် ......
ကောင်လေးက သူ့အမေ့ကို
"အမေ မနက်ဖြန် စေ◌ျးမထွက်နဲ့နော်"
ကောင်လေး အမေက
"စေ◌ျးမထွက်လို မရဘူးလေသား အမေတိုအတွက် တစ်ရက်စေ◌ျးထွက်မှ တစ်ရက်စားရမှာလေ
အိမ်မှာ သား ညီမလေး အတွက် ရှိသေးတယ် သားအဖေလည်း ကျန်းမာရေးသိပ်မကောင်းဘူး"
အဝေးရောက်နေတဲ့ သားလေး သူ့မိသားစုကို စိုးရိမ်နေတယ် .....
"အမေ စစ်တပ်ကို မထောက်ခံလို စစ်တပ်က ပစ်မသတ်ဘူးအမေ
သူတိုကို မထောက်ခံရင် အသတ်ခံရနိုင်တယ်၊ စေ◌ျးဆိုတော့ လူများတဲ့ နေရာ ဗုံထောင်သွားရင်
သားရင်ကျိုးမှာ ....."

စေ◌ျးသည်မိခင်ကြီးကို စိုးရိမ်နေတဲ့ အဝေးရောက်သားလေး ရင်ထဲက အပူတွေ ငြိမ်းပါစေ

0 0 ER 0.0460