Статистика ВК сообщества "တပ်မတော်သတင်းစဉ်"

0+
ပြည်သူ့အတွက် တပ်မတော်

Графики роста подписчиков

Лучшие посты

ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်လေဆိပ်၌ သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်
ရန်ကုန် မတ် ၂

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာ ဆိုင်ရာကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA) (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဟန်းရှင် လူပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံများနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ခဲ့ကြသော မြန်မာကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည် ဟူသည့် ဗွီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ရန်ကုန်လေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ICJ တရားရုံးတွင် စီရင်ပိုင်ခွင့် မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံ အနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ICJ အနေဖြင့် ဥပဒေကြောင်းအရ ထိုအမှုကို လက်ခံကြားနာစစ်ဆေးခွင့် မရှိကြောင်း လျှောက်လဲရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ တရားရုံးသို့ အချက်အလက် ခိုင်ခိုင်မာမာဖြင့် တင်ပြလျှောက်လဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးနှင့် လာရောက်ကြိုဆိုကြသူများ၏ စကားသံများကို ယခုလိုပဲ ကြားသိရပါတယ်-

“ကျွန်တော်တို့အနေနဲ့ကတော့ ခုလိုတိုင်းပြည်အတွက် တစ်တပ်တစ်အား ICJ သည်ဟိဂ်မြို့မှာ သွားပြီး အစွမ်းကုန်ကြိုးစား ဆောင်ရွက်ခဲ့ပြီးတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ အမျိုးသား အကျိုးစီးပွားကို အတတ်နိုင်ဆုံးကြိုးစားပြီး ကာကွယ်ခဲ့ပါတယ်။ အဲ့လိုဆောင်ရွက်နေတဲ့အချိန်မှာလည်းပဲ တစ်နိုင်ငံလုံးက ဝိုင်းပြီး ထောက်ခံအားပေးကြပါတယ်။ အဲ့လိုအားပေးထောက်ခံကြတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံ ကိုကြားရတဲ့အခါမှာ ကျွန်တော့်အနေနဲ့ အများကြီးအားရှိခဲ့ပါတယ်။ ခုလည်းပဲ ဒီလိုမျိုး အများကြီးလာပြီး ကြိုဆိုကြတယ်။ သောင်းသာင်းဖြဖြ ထောက်ခံအားပေးကြတယ်ဆိုတဲ့အခါ တကယ်လည်း ကျွန်တော့်အနေနဲ့ ဝမ်းသာပါတယ်။ အတိုင်းထက် အလွန်ကိုပဲ ပိုပြီးဆက်လုပ်ဖို့အတွက် အားရှိသွားပါတယ်လို့ ပြောချင်ပါတယ်”ဟု အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကပြောသည်။

“နိုင်ငံတော်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကျွန်မအစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီအတွက် အရမ်းကျေနပ်အားရပါတယ်။ ယခုဒီကိစ္စက ဥပဒေကြောင်းသက်သက် သွားတာဖြစ်ပါတယ်။ Genocide Convention ရဲ့ အောက်မှာ အငြင်းပွားခွင့်မရှိဘူး။ တရားစွဲဆိုခွင့်မရှိဘူး။ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူး။ အမှုကိုလက်မခံရဘူးဆိုတဲ့ ဥပဒေပိုင်း သက်သက်ကိုပဲ သွားတာဖြစ်တဲ့အတွက် ကြောင့် ကျွန်မကတော့ ဥပဒေပိုင်းနဲ့ ပတ်သက်တာအကုန်လုံးကို တကယ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်ကတကယ်ကို နိုင်ငံတော်အတွက် ဆောင်ရွက်တဲ့အခါမှာ ဝိုင်းပြီး ထောက်ခံ အားပေးကြတဲ့အတွက် အများကြီးဝမ်းသာပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောသည်။

"ခုလို ICJ မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းကြတဲ့ ဆရာဦးကိုကိုလှိုင်ရယ်၊ ဒေါ်သီတာဦးရယ် ပေါ့နော်။ တစ်ဖက်က ကျွန်တော်တို့နိုင်ငံနှင့် နီးစပ်ခြင်းမရှိတဲ့ ဂမ်ဘီယာဟာ နယ်သာလန်မှာ အမှုနဲ့ ပတ်သက်ပြီး တင်စွဲတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံက ဥပဒေကြောင်းအရ တိတိကျကျ လေးစားလိုက်နာပြီး ဖြေရှင်းတယ်ဆိုတဲ့ဟာ လေးကိုပေါ်လွင်အောင် နယ်သာလန်မှာ သွားပြီး ဖြေရှင်းပါတယ်။ ဖြေရှင်းတဲ့အပေါ် မှာ ဖြေကြားခြင်းများကို ပြည်သူတွေသိရှိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့တွေသည် ဥပဒေကြောင်းအရမှာ တင်စွဲလာခြင်းကို လေးလေးစားစားနဲ့ နိုင်ငံတကာကပြဋ္ဌာန်း ထားတဲ့ ဥပဒေပေါ်မှာ မြန်မာနိုင်ငံသည် လေးစားစွာ ပြန်ပြီးတုံ့ပြန်ဖြေရှင်းခဲ့တဲ့ အပေါ် ကျွန်တော်တို့နိုင်ငံပြည်သူတွေက ဒီမိုကရေစီမှာ ဥပဒေကိုလေးစားလိုက်နာပြီး ဆောင်ရွက်တယ်ဆိုတာကို ပေါ်လွင်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ မြန်မာ ပြည်သူအကုန်လုံးက ဝမ်းသာပီတိဖြစ်ရပါတယ်။ အားလုံးသည် ရင်ထဲတစ်ထပ်တည်းရှိတဲ့ ပြည်သူတွေက လာရောက်ကြိုဆို ခြင်းဖြစ်ပါတယ်"ဟု ပြည်သူတစ်ဦးက ပြောသည်။

3 53 ER 1.2683
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သန်လျင် မြို့ နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွဲမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့ နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်များ အတွင်း ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ရေဝင် ရောက်မှုများဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ယနေ့ နံနက်ပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လဲကျခဲ့သည့်သစ်ပင် သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် လမ်းများပေါ်၌ တင်ကျန်ခဲ့သည့် ရွှံ့နွံများ အား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး ရေဘေးသင့် ပြည်သူ များအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘိုကလေးကျေးရွာ၊ ကွမ်းမိုးဒိန်း ရပ်ကွက်နှင့် အမှတ်(၁၂) ရပ်ကွက်များတွင် ရေကြီး​၊ ရေလျှံမှုများ ဖြစ်ပေါ် ခဲ့သဖြင့် သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များက ရေဘေး သင့်ပြည်သူများထံသို့ လိုအပ်သည့် လူသုံးကုန် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက် ပေးအပ် လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

3 21 ER 0.6031
လေးကေ့ကော်မြို့သစ်အတွင်း PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ခိုအောင်း နေထိုင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဧပြီ - ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အား ငြိမ်းချမ်းရေးရလာဒ်၏ ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား မလွှဲမရှောင်သာ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လေးကေ့ကော်မြို့သစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံး အပတ်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင် တစ်ချို့ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လေးကေ့ကော်မြို့သစ်၊ အမှတ်(၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌လည်းကောင်း၊ ဒေသအခေါ် တြိဂံကုန်း၊ လင်းယုန်ကုန်းနှင့် ရသေ့ဂူကျေးရွာတို့၌လည်းကောင်း ပြည်သူလူထုကို အကာအကွယ်ရယူ၍ အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်ရန် စုဖွဲ့နေထိုင်လျက်ရှိကြောင်း အမှတ်(၆)ရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောကြားမှုကြောင့် သိရှိခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဧပြီလ ၁၀ ရက်တွင် လေးကေ့ကော်မြို့သစ် အတွင်း လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်စဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အမှတ်(၆)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား အကာအကွယ်ရယူကာ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့်အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူရယူ၍ ရန်သူပစ်မှတ်နှင့် ရန်သူ့နေရာများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ တပ်မတော်စစ်ကြောင်းများက လေးကေ့ကော် မြို့သစ်အတွင်း အသေးစိတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များ နေထိုင်ခဲ့သည့် နေရာများ၊ ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ ထိခိုက်ဒဏ်ရာရရှိသည့် အကြမ်းဖက်သမားများအား ဆေးဝါးကုသပေးခဲ့သည့်နေရာများနှင့် ပြည်သူများ၏နေအိမ်ကို အကာအကွယ် ရယူ၍ ပစ်ခတ်ခဲ့သည့်နေရာများအား စစ်ဆေးတွေ့ရှိခဲ့ရသည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး NCA ပါသဘောတူညီချက်များကိုလည်း အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အချို့လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များအပေါ် ကျူးလွန် ဖောက်ဖျက်လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန်‌ ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

4 59 ER 0.9554
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇွန် - ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Siberian ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူး ချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်း (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021)သို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ယနေ့ည ၁၁ နာရီခန့်တွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadovနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

6 2 ER 1.0545
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် - ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသောင်းဟန်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေ အနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက အားကစားဝင်းဆိုင်ရာအချက်အလက်များနှင့် သမိုင်း အကျဉ်း၊ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ အားကစားကွင်း အဆင့်မြှင့်တင် ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ အားကစားကွင်း အဆင့် မြှင့်တင်ရာတွင် အားကစားပရိတ်သတ်များ အားကစားကွင်းအတွင်း ဝင်၊ ထွက် သွားလာမှု အဆင်ပြေစေရန်အတွက် Under Pass နှင့် Over Pass များ လျာထား ဆောင်ရွက်ထားရှိမှု၊ ပရိသတ် ၃၀၀၀ ဆန့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန် လျာထားမှု အခြေအနေများ၊ လျာထားအားကစားဝင်း ပုံစံများကို powerpoint presentation များ၊ အထူးပြုလုပ်ချက် Video Clip များဖြင့် ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က အောင်ဆန်းအားကစားပြိုင်ဝင်းကြီးသည် အမည်အရသော်လည်း ကောင်း၊ အစဉ်အလာအရသော်လည်းကောင်း၊ သက်တမ်းအားဖြင့်သော်လည်းကောင်း သမိုင်းရှိသည့် အားကစားကွင်းကြီးဖြစ်သကဲ့သို့ မြန်မာ့အားကစားအောင်မြင်မှု စတင်ခဲ့ သည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိပြီးသား အစဉ်အလာကောင်း များကို ထိန်းသိမ်းပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြှင်တင်ဆောင်ရွက်၍ နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ ရည်ရွယ်တည်ဆောက် ရန်လိုကြောင်း၊ အဓိက အားကစားကွင်းကြီးအတွင်း အားကစားနည်း ၈ မျိုးကို နိုင်ငံ တကာအဆင့်မီ ယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျ ထည့်သွင်းတည်ဆောက်ရ မည်ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရန်နေရာများနှင့် Public Area များ စနစ်တကျ ဖော် ဆောင်ပေးနိုင်ရန်လည်း တွက်ချက်စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်မှုများ မရှိစေရေးနှင့် ရေရှည် တည်တံ့မှု ရှိစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနအသီးသီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ ပေါင်းစပ်ညှိနှိုင်း တိုင်ပင် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အားကစားကွင်း ပုံစံငယ်ပြုလုပ်ထားရှိမှုကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်ဆန်းအားကစားဝင်းအား မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေး၍ မိုးလုံလေလုံ အားကစားရုံအား ကြည့်ရှုစစ်ဆေး သည်။

အဆိုပါ အောင်ဆန်းအားကစားဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး မူလအမည်မှာ BBA (Burma Athletic Association Ground) ဖြစ် ကြောင်း၊ လူစည်ကားသော ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများအပြင် အထူးတလည်အမှတ်တရဖြစ်စေသော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့(Holiday on Ice) ခေါ် ရေခဲပြင်ပြပွဲကြီးအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မူလအမည် BBA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစား ပြိုင်ဝင်း အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းအစဉ်အလာရှိသည့် အားကစား ကွင်းကြီး ဖြစ်သည့်အတွက် ယခင်ကကဲ့သို့ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီစွာဖြင့် လက်ခံကျင်းပ ပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက အဓိက အားကစားကွင်း ကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိနှင့် မိုးလုံလေလုံ အားကစားရုံမှာ လည်း ပရိသတ် ၃၀၀၀ ဦး ဝင်ဆန့်နိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

1 24 ER 0.5908
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဩဂုတ် - ၂၁

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး ပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ် ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှသင်တန်းသားအရာရှိကြီးများ၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်း အနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ် နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၁၅၂ ပင်၊ ပိတောက်ပင် ၁၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၈၀၇ ပင် ၊ တမလန်းပင် ၂၆၉ ပင်၊ စုစုပေါင်း ၄၃၀၄ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသား စုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံ ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၁၃၅၇ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၂၁၅၅၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇၇၈၁ ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၌ ၁၀၀၆၇ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၇၁၈၆ ပင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၂၂၂၄၃ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၇၆၉၅ ပင်၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်၌ ၄၀၀၇ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၁၀၅၈ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၈၂၄၈ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၂၀၄၆၄ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅၃၈၉ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၌ ၉၂၆၀ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၉၈၃၄ ပင်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၂၁၅၈၄ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း၌ စိုက်ပျိုးသည့် ၄၃၀၄ ပင် အပါအဝင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၃၀၆၇၀ ပင် ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

0 14 ER 0.4760
တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် - ၇

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်း ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် ဒုတိယဝန်ကြီးများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာမီက နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ပါကြောင်း၊ အဆိုပါပတ္တမြားကို တာဝန်ရှိသူများ ဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်း ရခြင်း ဖြစ်ပါကြောင်း၊ အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိပတ္တမြား လှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းမှု လက်ခံရရှိခဲ့ကြောင်း၊ ယခု လှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားပါကြောင်း၊ ယခုပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာ ကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်ကြောင်း၊ ထို့ကြောင့်လှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပတ္တမြားကြီးဆိုင်ရာ အချက်အလက် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပတ္တမြားကြီးအား ကြည့်ရှုကြသည်။

ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်း ကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်းသတင်းရရှိသည်။

1 16 ER 0.5063
အစွန်းရောက်အကြမ်းဖက်သမားများ​၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်းထုတ်ဖော်

ရန်ကုန် ဇူလိုင်၂၉

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများစုပေါင်း၍ အစွန်းရောက်အကြမ်းဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့်အကြမ်း ဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ရှင်းလင်းထုတ်ဖော်ပွဲကို ယနေနံနက်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ထုတ်ဖော်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ က နိုင်ငံတော်သီချင်းကို သံပြိုက်ရွတ်ဆိုကာ ထောက်ခံပွဲကို ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့သံဃာနှင့်ပြည်သူများ အပေါ် ယုတ်မာကောက်ကျစ်မှုများ(အလိုမရှိ)၊ နိုင်ငံတော်ထိခိုက်မည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှ(ဆန့်ကျင်ကျ)၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူများ(ဆန့်ကျင်ကျ)၊ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည် ဆောင်ရွက်နေသည့် ပြည်ပအားကိုး ဒေါ်လာစားပြည်ဖျက်လောက်ကောင်များအား (ဆန့်ကျင်ကျ)ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြသည်။

ထို့နောက် အစွန်းရောက်အကြမ်းဖက်သမားများ​၏ ယုတ်မာကောက်ကျစ်မှု များ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ များက ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အစွန်းရောက် အကြမ်း ဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ အောင်ရှင်းလင်းထုတ်ဖော်ပွဲကို ရပ်နားခဲ့ကြသည်။

4 12 ER 0.4726
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းတို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းတို့၌ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးတို့အတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ကျောင်းဝန်းများ အတွင်း/အပြင်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော် ပေးခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 7 ER 0.4193
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များနှင့် ဇနီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

နေပြည်တော်၊ မေ - ၂၅

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်း လောင်းပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ဇနီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်း အဖွဲ့များတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခသိဉ္စနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ်လှည့်လည်ပူဇော်ကြ သည်။

ထို့ပြင် ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်ဟု” ဗျာဒိတ်တော်စကား မိန့်ကြားတော်မူ သောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ ဘုရားအဖြစ်ကို ရတော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ စသည့်နေ့များအားလုံးသည် ကဆုန် လပြည့်နေ့များပင်ဖြစ်သဖြင့် “ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ” ဟု လည်းကောင်း၊ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟုလည်းကောင်း မှတ်တမ်း ပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ် ထားခဲ့ကြ ကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင် မကဘဲ အခြားနှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ် တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ်၍ ကဆုန် လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့် အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်း နှင့် ကဆုန် လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်း လောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင် ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ခြင်း စသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။

4 7 ER 0.9452