Статистика ВК сообщества "AA Info Desk"

16+

Графики роста подписчиков

Лучшие посты

ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့

အမှတ်၊ (၁/၂၀၂၁)
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်
၂၀၂၁ ခုနှစ်၊ နိုဗမ်ဘာလ (၂၆) ရက်


အသိပီးယှင်းလင်းချက်

အေဂု ထုတ်ပြန်လိုက်သည့် CCTV ထဲတွင်ပါဟိသည့်အမှုအခင်း (တနည်းအားဖြင့်) မာဖီးယားဂိုဏ်းဆန်စွာ အုပ်စုဖွဲ့မတရားအနိုင်ကျင့် ရိုက်နှက်မှုသည် ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ဟိ အိမ်ဖြူတော် KTV ၌ ၂၀၂၁ ခုနှစ်၊ မတ်ချ်လ (၂၀) ရက်နိက ဖြစ်ပွားခခြင်းဖြစ်သည်။

CCTV ရုပ်သံထဲတွင်ပါဟိသည့်အတိုင်း အိမ်ဖြူတော် KTV ဆိုင်ဝန်ထမ်းများမှ Customer (၃) ဦးအား မာဖီးယားဂိုဏ်းဆန်စွာ အုပ်စုဖွဲ့မတရားအနိုင်ကျင့် ရိုက်နှက်မှုပြုလုပ်ခသည်။

ပြည်သူများအပေါ် မတရားအနိုင်ကျင့်မှုများမှ အကာအကွယ်ပီးရန်၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်များ လုံခြုံမှုရဟိစီရန်၊ အလားတူဖြစ်ရပ်များ နောက်နောင်မပေါ်ပေါက်စီရန်၊ အမှုအခင်းနန့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုဟိစီရန်အတွက် ၎င်းအမှုအခင်းတွင်ပါဝင်ခသူတချို့ နန့် KTV ပိုင်သျှင် ဦးသိန်းရွှေ ရို့အား ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ထိန်းသိမ်းစစ်ဆီးလျက်ဟိပါသည်။

ဤကဲ့သို့ အနိုင်ကျင့်ခံရပြီး ရက်စက်စွာရိုက်နှက်သည့်ဖြစ်ရပ်များနန့်ပတ်သက်သော အလားတူ တိုင်တန်းမှုမျိုးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ တရားရီးဌာနမှ လက်ခံရဟိထားပြီး အိမ်ဖြူတော် KTV ၌ ဖြစ်ပွားခသည့် အေဂုအမှုအခင်းသည် တရားရီးဌာနသို့ ရောက်ဟိလာသည့်အမှုအခင်းများထဲမှ တစ်ခုရာဖြစ်သည်။ ရက္ခိုင်ပြည်သူများအနီနန့် မတရားသဖြင့် အနိုင်ကျင့်ခံရမှုများဟိပါက နစ်နာသူများအနီနန့် မိမိရို့တရားရီးဌာနသို့ တိုင်တန်းနိုင်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့သည် ရခိုင်ပြည်သူလူထုများအပေါ် မာဖီးယားဂိုဏ်းဆန်စွာ အုပ်စုဖွဲ့အနိုင်ကျင့်နီကတ်သူများ၊ အကြောက်တရား၊ မလုံခြုံမှုသက်ရောက်စီသော လုပ်ရပ်များကို ပြုလုပ်နီကတ်သောသူများ၊ ဝိသမလောဘစိတ်ဖြင့် အုပ်စုဖွဲ့ဂုတ်သွီးစုပ်နီသောသူများ၊ ရက္ခိုင်အမျိုးသားအကျိုးစီးပွား နန့် ရက္ခိုင့်တော်လှန်ရီးကို ပျက်စီးစီရန် ဆောင်ရွက်နီသူများ၊ တရားဥပဒေကို ချိုးဖောက် နီကတ်သူများကိုလည်း ဆက်လက်အရီးယူဆောင်ရွက်လားမည်ဖြစ်ကြောင်း အသိပီးယှင်းလင်းထုတ်ပြန် အပ်ပါသည်။

ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့

73 13 ER 5.4893
ရခိုင္ျပည္၊ပုဏၰားကၽြန္းၿမိဳ႕နယ္၊ေတာင္ေပါက္ရြာႏွင့္ ဒီပါ႐ုံေက်းရြာၾကား၊ ေက်ာက္ကြင္းေနရာအနီး၌ ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာလ(၁၅) ရက္၊ ညေန(၇) နာရီ (၃၀) မိနစ္အခ်ိန္တြင္ ေဆးဗိုလ္ႀကီး ရဲလင္းစိုး အပါအဝင္ စစ္သား+ရဲသား သုံ႔ပန္းစုစုေပါင္း(၁၅) ဦးအား ျမန္မာ့တပ္မေတာ္ဖက္မွ ဗိုလ္မွူး ေဇခိုင္ဟိန္းထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့သည္။

(၁) ႏွစ္ရွည္လမ်ား သုံ႔ပန္းအျဖစ္ဖမ္းဆီးအထိန္းသိမ္းခံေနရေသာသူမ်ား၊က်န္းမာေရးအေျခအေနဆိုးဝါးေသာ သုံ႔ပန္းမ်ားထဲမွ ေဆးဝါးကုသရန္အေရးတႀကီးလိုအပ္ေသာေနေသာသူမ်ားကိုလူသားခ်င္းစာနာေထာက္ထားမွုအရေသာ္လည္းေကာင္း၊

(၂) သုံ႔ပန္းမ်ားကိုထိန္းသိမ္းထားေသာေနရာပတ္ဝန္းက်င္၌ကိုရိုနာကူးစက္ေရာဂါ ကူးစက္မွုျဖစ္ပြားလာပါက ေရာဂါျပင္းထန္ေသာသုံ႔ပန္းမ်ားအားေဆးဝါးကုသရန္ခက္ခဲေနမည္ကိုစိုးရိမ္မိေသာေၾကာင့္လည္းေကာင္း၊

(၃) မတရားဖမ္းဆီးခံထားရေသာရခိုင္ေဒသအတြင္းေန ျပည္သူလူထုမ်ားအားလုံး ႏွင့္ ျမန္မာအစိုးရအက်ဥ္းေထာင္မ်ားထဲရွိ မိမိတို႔ ULA/AA တပ္ဖြဲ႕ဝင္မ်ား ျပန္လည္လြတ္ေျမာက္ေရးကိုလိုလားေသာေၾကာင့္လည္းေကာင္း ယခုကဲ့သို႔လႊတ္ေပးရျခင္းျဖစ္သည္။

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်းနေရာအနီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်၊ ညနေ(၇) နာရီ (၃၀) မိနစ်အချိန်တွင် ဆေးဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် စစ်သား+ရဲသား သုံ့ပန်းစုစုပေါင်း(၁၅) ဦးအား မြန်မာ့တပ်မတော်ဖက်မှ ဗိုလ်မှူး ဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

(၁) နှစ်ရှည်လများ သုံ့ပန်းအဖြစ်ဖမ်းဆီးအထိန်းသိမ်းခံနေရသောသူများ၊ကျန်းမာရေးအခြေအနေဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန်အရေးတကြီးလိုအပ်သောနေသောသူများကိုလူသားချင်းစာနာထောက်ထားမှုအရသော်လည်းကောင်း၊

(၂) သုံ့ပန်းများကိုထိန်းသိမ်းထားသောနေရာပတ်ဝန်းကျင်၌ကိုရိုနာကူးစက်ရောဂါ ကူးစက်မှုဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းများအားဆေးဝါးကုသရန်ခက်ခဲနေမည်ကိုစိုးရိမ်မိသောကြောင့်လည်းကောင်း၊

(၃) မတရားဖမ်းဆီးခံထားရသောရခိုင်ဒေသအတွင်းနေ ပြည်သူလူထုများအားလုံး နှင့် မြန်မာအစိုးရအကျဉ်းထောင်များထဲရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကိုလိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့လွှတ်ပေးရခြင်းဖြစ်သည်။

45 3 ER 3.8651