Статистика ВК сообщества "ညီေနာင္မဟာမိတ္(၃)ဖြဲ႕"

0+

Графики роста подписчиков

Лучшие посты

(၇၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

19 14 ER 3.6416
၂၀၂၁ ခုႏွစ္၊ေမလ(၄) ရက္ေန႔ စစ္ေကာင္စီတပ္ ႏွင့္ ညီေနာင္မဟာမိတ္တို႔တိုက္ပြဲသတင္း

စစ္ေကာင္စီ၏ ျမန္မာ့တပ္မေတာ္ႏွင့္ ကခ်င္တပ္မေတာ္ ၏တပ္မဟာ (၄) လက္ေအာက္ခံ တပ္ရင္း (၈)တို႔ ကြတ္ခိုင္ၿမိဳ႕နယ္ မန္လုံ ေက်းရြာနီးတြင္ ၂၀၂၁ ခုႏွစ္၊ ေမလ(၄) ရက္ေန႔တြင္ဦးစြာတိုက္ပြဲျဖစ္ပြားခဲ့သည္။

ထို႔ေၾကာင့္ျမန္မာ့တပ္မေတာ္ တပ္မ (၉၉)တပ္ဖြဲ႕ဝင္တစ္ခ်ိဳ႕ႏွင့္ ျမန္မာ့တပ္မေတာ္ အေရွ႕ေျမာက္စစ္ေဒသ ကြတ္ခိုင္အေျခစိုက္ ခလရ(၄၅) တပ္ရင္းတို႔စုေပါင္းထားေသာအင္အား(၁၀၀) ခန္႔ပါ စစ္ကူစစ္ေၾကာင္းတို႔သည္ ၎တိုက္ပြဲျဖစ္ရာေနရာသို႔ စစ္ကူေပးရန္ေရာက္ရွိလာခဲ့သည္။

အဆိုပါတိုက္ပြဲျဖစ္ရာအနီး၌ မိမိတို႔ ညီေနာင္မဟာမိတ္လႈပ္ရွားစစ္ေၾကာင္းရွိေနခဲ့သည္။ ထို႔ေၾကာင့္ မိမိတို႔သည္ မိမိကိုယ္မိမိခုခံကာကြယ္ရန္ ႏွင့္မဟာမိတ္ ကခ်င္တပ္မေတာ္(KIA) ၏ စစ္ေရးဖိအား ေလ်ာ့က်ေစရန္အလို႔ငွာ ကိုးကန္႔တပ္မေတာ္၏ တပ္မဟာ (၅၁၁)တပ္ဖြဲ႕ႏွင့္ တအာင္းတပ္မေတာ္ တပ္မဟာ (၅)ပူးေပါင္းတပ္ဖြဲ႕တို႔က အဆိုပါရန္သူ႔စစ္ေၾကာင္းအား ဟန္႔တားတိုက္ခိုက္ခဲ့သည္။ ရန္သူ႔ဖက္မွ ထိခိုက္က်ဆံုးမႈမ်ားရွိခဲ့သည္။

ေမလ(၄) ရက္၊ ညေန(၇) နာရီတြင္လည္း တိုက္ပြဲႏွင့္ဆက္စပ္ေနေသာ စစ္ေကာင္စီတပ္၏ ကြတ္ခိုင္၊ အခြန္ေကာက္ဂိတ္အား မိမိတို႔မွထပ္မံတိုက္ခိုက္ခဲ့သည္။ တစ္နာရီခန္႔ၾကာျမင့္ၿပီး တိုက္ပြဲမွာျပင္းထန္ခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ လားရိႈး ႏွင့္ "မန္ပန္"မွ ကြတ္ခိုင္ဖက္သို႔ ထပ္မံစစ္ကူပို႔ခဲ့သည္။

ေမလ(၅) ရက္၊ နံနက္(၉) နာရီခန္႔မွစ၍ စစ္ေကာင္စီ၏ အေျမာက္တပ္သည္ ယမန္ေန႔ကတိုက္ပြဲျဖစ္ပြားခဲ့ရာေနရာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ေမလ(၅) ရက္၊နံနက္(၉) နာရီ(၃၀) မိနစ္တြင္ ရန္သူသည္ မိမိတို႔အားထပ္မံထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ေသာေၾကာင့္ကြတ္ခိုင္ၿမိဳ႕နယ္၊ မန္ပန္ ေက်းရြာအနီးတြင္ ၂ နာရီၾကာ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။ မိမိတို႔ဖက္မွ အလတ္စားဒဏ္ရရရွိသူအခ်ိဳ႕မွလြဲ၍ က်ဆံုးသူမရွိခဲ့ေခ်။

ရန္သူ႔ဖက္မွ အထိအခိုက္အက်အဆံုးမ်ားရွိခဲ့သည္။ ရန္သူ႔အေလာင္းအခ်ိဳ႕ ႏွင့္ ရန္သူ႔လက္နက္ခဲယမ္းအခ်ိဳ႕ကို မိမိတို႔သိမ္းဆည္းရမိခဲ့သည္။ ရန္သူ႔အေလာင္းမ်ားအား လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ ေကာင္းမြန္စြာ ေျမျမႇုပ္သၿဂႋဳလ္ေပးခဲ့သည္။

လက္ရွိ ကခ်င္ျပည္ ႏွင့္ ကရင္ျပည္အတြင္း လက္ရွိျဖစ္ပြားေနေသာတိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္သည္ အေရးနိမ့္ေနေသာေၾကာင့္ ရွမ္းေျမာက္ေဒသအား တိုက္ပြဲဖန္တီးၿပီး ျပည္တြင္းျပည္ပ အာ႐ုံမ်ားကို လြဲရန္ ႀကိဳးစားေနသည္။ ထို႔အတူ ကခ်င္ ႏွင့္ ကရင္ေဒသမ်ားအတြင္းသို႔ စစ္အင္အား၊ လက္နက္အင္အားအလံုးအရင္းမ်ားကို ေျမာက္ျမားစြာပို႔ေဆာင္ထားၿပီးျဖစ္ေသာေၾကာင့္ မၾကာမီကာလမ်ား၌ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္လာႏိုင္သည္။

(တ႐ုတ္ဘာသာျဖင့္ ကိုးကန္႔သတင္းဌာနမွ ေရးသားထုတ္ျပန္ထားသည္ကို ဆီေလ်ာ္ေအာင္ဘာသာျပန္၍ ေရးသားထားပါသည္)

၂၀၂၁ ခုနှစ်၊မေလ(၄) ရက်နေ့ စစ်ကောင်စီတပ် နှင့် ညီနောင်မဟာမိတ်တို့တိုက်ပွဲသတင်း

စစ်ကောင်စီ၏ မြန်မာ့တပ်မတော်နှင့် ကချင်တပ်မတော် ၏တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)တို့ ကွတ်ခိုင်မြို့နယ် မန်လုံ ကျေးရွာနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ(၄) ရက်နေ့တွင်ဦးစွာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ကြောင့်မြန်မာ့တပ်မတော် တပ်မ (၉၉)တပ်ဖွဲ့ဝင်တစ်ချို့နှင့် မြန်မာ့တပ်မတော် အရှေ့မြောက်စစ်ဒေသ ကွတ်ခိုင်အခြေစိုက် ခလရ(၄၅) တပ်ရင်းတို့စုပေါင်းထားသောအင်အား(၁၀၀) ခန့်ပါ စစ်ကူစစ်ကြောင်းတို့သည် ၎င်းတိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူပေးရန်ရောက်ရှိလာခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ရာအနီး၌ မိမိတို့ ညီနောင်မဟာမိတ်လှုပ်ရှားစစ်ကြောင်းရှိနေခဲ့သည်။ ထို့ကြောင့် မိမိတို့သည် မိမိကိုယ်မိမိခုခံကာကွယ်ရန် နှင့်မဟာမိတ် ကချင်တပ်မတော်(KIA) ၏ စစ်ရေးဖိအား လျော့ကျစေရန်အလို့ငှာ ကိုးကန့်တပ်မတော်၏ တပ်မဟာ (၅၁၁)တပ်ဖွဲ့နှင့် တအာင်းတပ်မတော် တပ်မဟာ (၅)ပူးပေါင်းတပ်ဖွဲ့တို့က အဆိုပါရန်သူ့စစ်ကြောင်းအား ဟန့်တားတိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

မေလ(၄) ရက်၊ ညနေ(၇) နာရီတွင်လည်း တိုက်ပွဲနှင့်ဆက်စပ်နေသော စစ်ကောင်စီတပ်၏ ကွတ်ခိုင်၊ အခွန်ကောက်ဂိတ်အား မိမိတို့မှထပ်မံတိုက်ခိုက်ခဲ့သည်။ တစ်နာရီခန့်ကြာမြင့်ပြီး တိုက်ပွဲမှာပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်သည် လားရှိုး နှင့် "မန်ပန်"မှ ကွတ်ခိုင်ဖက်သို့ ထပ်မံစစ်ကူပို့ခဲ့သည်။

မေလ(၅) ရက်၊ နံနက်(၉) နာရီခန့်မှစ၍ စစ်ကောင်စီ၏ အမြောက်တပ်သည် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မေလ(၅) ရက်၊နံနက်(၉) နာရီ(၃၀) မိနစ်တွင် ရန်သူသည် မိမိတို့အားထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့်ကွတ်ခိုင်မြို့နယ်၊ မန်ပန် ကျေးရွာအနီးတွင် ၂ နာရီကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရရရှိသူအချို့မှလွဲ၍ ကျဆုံးသူမရှိခဲ့ချေ။

ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သည်။ ရန်သူ့အလောင်းအချို့ နှင့် ရန်သူ့လက်နက်ခဲယမ်းအချို့ကို မိမိတို့သိမ်းဆည်းရမိခဲ့သည်။ ရန်သူ့အလောင်းများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။

လက်ရှိ ကချင်ပြည် နှင့် ကရင်ပြည်အတွင်း လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် အရေးနိမ့်နေသောကြောင့် ရှမ်းမြောက်ဒေသအား တိုက်ပွဲဖန်တီးပြီး ပြည်တွင်းပြည်ပ အာရုံများကို လွဲရန် ကြိုးစားနေသည်။ ထို့အတူ ကချင် နှင့် ကရင်ဒေသများအတွင်းသို့ စစ်အင်အား၊ လက်နက်အင်အားအလုံးအရင်းများကို မြောက်မြားစွာပို့ဆောင်ထားပြီးဖြစ်သောကြောင့် မကြာမီကာလများ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်။

(တရုတ်ဘာသာဖြင့် ကိုးကန့်သတင်းဌာနမှ ရေးသားထုတ်ပြန်ထားသည်ကို ဆီလျော်အောင်ဘာသာပြန်၍ ရေးသားထားပါသည်)

37 4 ER 5.4372
(၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော
PSLF/TNLA ၊ MNTJP/MNDAA နှင့် ULA/AA တို့ထံမှ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်

17 7 ER 2.3721
ညီနောင်မဟာမိတ်(၃) ဖွဲ့၏ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်

ညီေနာင္မဟာမိတ္(၃) ဖြဲ႕၏ထုတ္ျပန္ေၾကညာခ်က္

၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာလ(၁) ရက္

20 0 ER 2.6050
KIO/KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နာယကကြီး၊ ကြည်း/၀၁၄၀ ဗိုလ်မှူးချုပ် JUMZANG LUM DAU (ဂျွမ်ဇမ် လွမ်းဒေါင်) အသက် (၈၅) နှစ် ခရစ်တော်၌ အိပ်ပျော်သွားခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ မေလ (၂၂) ရက်

22 6 ER 3.3229
“ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၂) နှစ်မြောက် အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ပေးပို့အပ်သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၇) ရက်

20 0 ER 3.4382
တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် (၁၀၀) ပြည့်အခမ်းအနားသို့ MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့မှ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ

中国共产党百年华诞
贺词

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်

18 0 ER 2.5818
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People’s Liberation Army-BPLA) ၏
တစ်နှစ်ပြည့် တပ်တော်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်

17 20 ER 1.5753
စစ်ကောင်စီမှ ကရင်နီပြည်သူများအား လူမဆန်စွာ အစုလိုက်အပြုံလိုက် အရှင်လတ်လတ်
မီးရှို့သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်

အမှတ်၊ (၀၆/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၁၀၈) ဦးဆောင်သောတပ်များက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ အပြစ်မဲ့ပြည်သူ (၃၅) ဦးကျော်အား ကားပေါ်တင်၍ ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ဖမ်းဆီးစဉ်က ညှိနှိုင်းရန်သွားရောက်ခဲ့ကြသော နယ်ခြားစောင့် တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် (၄) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မိုက်ရူးရဲဆန်စွာ တပါတည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ကြားသိရပါသည်။

ယခုကဲ့သို့သော လုပ်ဆောင်မှုများသည် စစ်ကောင်စီ၏ မြန်မာ့တပ်မတော်အနေဖြင့် စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်သည်။ အခြားတစ်ဖက်တွင် ဤကဲ့သို့သော လုပ်ရပ်များမှာ စစ်ကောင်စီ၏ မြန်မာ့တပ်မတော်အနေဖြင့် မိမိတို့၏ဒေသများ၌ လုပ်လေ့ လုပ်ထရှိသော လုပ်ရပ်တစ်ခုသာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကြီးမားသောပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်နေခြင်းလည်းဖြစ်သည်။

ခရစ္စမတ်အကြိုနေ့၌ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေနှင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

25 3 ER 1.9291
နစက မှ နိုင်ငံရေးအမြင်မတူသည့် ပုဂ္ဂိုလ် (၄) ဦးအား သေဒဏ်စီရင်ဆောင်ရွက်လိုက်ခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်

12 3 ER 1.2267